နိုင်ငံနှင့်ဝန်ကြီးချုပ်ကို ထရန့် ကမလေးမစားလုပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

၁၀ ဇူလိုင်

 

ဝါရှင်တန်ရှိ အမေရိကန်ဆိုင်ရာဗြိတိန်သံရုံး အီးမေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သူ့အစိုးရဖွဲ့ကို  ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ အဲဒီအီးမေးလ်ဟာ ထရန့်ရဲ့ ဗြိတိန်ခရီးစဉ်အပြီး တစ်လလောက်အကြာမှာ ပေါက်ကြားခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ အီးမေးကို တနင်္ဂနွေနေ့ထုတ်  The Mail မှာ ဖော်ပြခဲ့ပါတယ်။ 

 

အီးမေးလ်ပေါက်ကြားမှုနဲ့ပတ်သတ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကို  ဘရစ်ဇစ်ကိစ္စနဲ့ပတ်သတ်ပြီး သူပေးတဲ့အကြံကို လျစ်လျူရှု သူမရဲ့ ရူးကြောင်ကြောင်နိုင်တဲ့နည်းကိုသုံးပြီး ပြီးမြောက်အောင် မလုပ်နိုင်ဘူး။ အမရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ဆာ ကင် ဒါရော့ချ် ကိုလည်း သိပ်ပြီး တုံးတဲ့လူလို့ အမေရိကန်သမ္မတက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။  ဒါ့အပြင် တနင်္လာနေ့က ထရန့်ရဲ့ တွစ်တာမှာ  ဗြိတိန်အတွက် သတင်းကောင်းကတော့ မကြာခင်မှာ ဝန်ကြီးချုပ်အသစ်ရတော့မယ်။ သူ့အနေနဲ့ ဝါရှင်တန်ရှိ ဗြိတိန်သံအမတ်ကို ဆက်ဆံဖို့ မရှိဘူးလို့ ရေးသားပါတယ်။ 

 

အမေရိကန်သမ္မတရဲ့ အခုလို ပြောဆိုမှုနဲ့ပတ်သတ်ပြီး ပြီးတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က  ထရန့်ဟာ  ဗြိတိန်နိုင်ငံနှင့် ဝန်ကြီးချုပ်ကို မလေးမစားလုပ်တာဘဲလို့ တွစ်တာမှာ ရေးသားလိုက်ပါတယ်။  

 

ဗြိတိန်နိုင်ငံဘက် တာဝန်ရှိသူတွေက ဝါရှင်တန်ရှိ ဗြိတိန်သံအမတ် ဒါရော့ချ်ဟာ ပွင့်ပွင့်လင်းနဲ့ သူကို ပေးထားတဲ့တာဝန်ကို ထမ်းဆောင်တတ်သူဖြစ်ကြောင်း၊  အကြောင်းမလှလို့ အီးမေးပေါက်ကြားခဲ့ပေမယ့် အမေရိကန်နိုင်ငံကို ရှင်းလင်းပြောရမယ်ဆိုရင် နှစ်နိုင်ငံရဲ့ ရင်းနှီးမှုအပေါ် ထိခိုက်မှာမဟုတ်ဘူးလို့ ကာကွယ်ပြောကြားပါတယ်။  

 

ဝန်ကြီးချုပ်ထရီဇာမေနေရာကို အစားထိုးဖို့အလားအလာရှိသူတွေကတော့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟန့် နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ဆင် တို့ဖြစ်ပါတယ်။ အခုကိစ္စနဲ့ပတ်သတ်သတ်ပြီး ဂျွန်ဆင်က အိမ်ဖြူတော်နဲ့ ဗြိတိန်ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ခဲ့ပါတယ်။ နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးဟာ သိပ်အရေးကြီးတယ်လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။

 

MDN
ကိုးကား - AFP