မန္တလေး ၃၀  စက်တင်ဘာ 

 

စင်္ကာပူလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Silk Air လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ် အရောင်းပြပွဲကို မန္တလေးမြို့ ၊ မင်္ဂလာမန္တလေးတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ 

 

အဆိုပါ အရောင်းပြပွဲတွင် Silk Air မှပျံသန်းပြေးဆွဲနေသော ဂျပန်နိုင်ငံ Hiroshima  ၊ အော်စတေးလျနိုင်ငံ Cairns နှင့် အင်ဒိုနီးရှားနိုင်ငံ Bali ကျွန်းစသည့် နေရာဒေသ ၄၉ ခု ကို သွားနိုင်သည့် လက်မှတ်များကို ရောင်းချပေးနေခြင်းဖြစ်သည်။

 

မသိမ့်သိမ့်အောင်Sale Officer  ‘ မန္တလေးမှာ Silk Air ရဲ့ပထမဆုံး travel fair လေးပေါ့နော်။ ဒီပွဲမှာလက်မှတ်ဝယ်တဲ့သူ ၂ ရက်အတွင်း ပထမဦးဆုံးဝယ်တဲ့သူ ၃၀ဝ အတွက် လက်ဆောင်တွေရှိတယ်။ လက်ဆောင်အပြင် စင်္ကာပူမြို့တွင်းလည်ပတ်ခွင့် ၊ အထင်ကရနေရာများတွင် လည်ပတ်ခွင့် ကတ်ပြား ၊ ဈေးဝယ်ခွင့်ဘောင်ချာလည်းပေးတယ်’ဟု Silk Air ၏ Sale Officer မသိမ့်သိမ့်အောင် ကပြောသည်။

 

Silk Air လေယာဉ်လက်မှတ်အရောင်းပြပွဲကို CB Bank ၊  Changi Airport Group ၊ Parkway Hospital Singapore ၊ Singapore Tourism Board ၊ Sun Far ၊ Columbus ၊ Nice Fare ၊ Oway ၊ World Connect ၊ New Motion စသည့် ခရီးသွားအေဂျင်စီများမှ ပါဝင်ကူညီပေးထားကြောင်း သိရသည်။ လေယာဉ်လက်မှတ်အရောင်းပြပွဲကို စက်တင်ဘာလ ၂၉ ရက် ၊ ၃၀ ရက် နှစ်ရက်ကျင်းပမှာဖြစ်ပြီး လေယာဉ်လက်မှတ်ဝယ်ယူသူ ခရီးသည်များအား စင်္ကာပူဒေါ်လာ ၂၀ တန်ဖိုးရှိသည့် လက်ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

Silk Air လေကြောင်းလိုင်းသည် Singapore Airlines ၏ ဒေသတွင်းပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၃၅ နိုင်ငံ၏ နေရာဒေသပေါင်း ၁၀ဝ ကျော်ကို ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်