မတ် ၉
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ခရီးသွားကဏ္ဍပြန်လည်ထိန်းသိမ်းရန် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် အထူးဆိုက်ရောက်ဗီဇာဝန်ဆောင်မှု ဖွင့်လှစ်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တနင်္လာနေ့က ပြောကြားသည်။
အဆိုပါ ၂၃ နိုင်ငံတွင် ဩစတြေးလျ၊ အမေရိကန်၊ နယ်သာလန်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ ဂျာမနီ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တောင်ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ပြင်သစ်၊ ကာတာ၊ နယူးဇီလန်၊ စင်ကာပူ၊ ထိုင်း၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည်။
ဘာလီရှိ I Gusti Ngurah Rai လေဆိပ်တွင် အထူးခရီးသွားဗီဇာများ ရရှိနိုင်သော်လည်း နိုင်ငံခြားခရီးသွားများအနေဖြင့် အခြားသော လူဝင်မှုကြီးကြပ်ရေးရုံးများမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံကိုထွက်ခွာနိုင်ကြောင်း ထိုဌာန၏ပြောရေးဆိုခွင့်ရှိသူ အာရာပရာဒနအန်ဂါကာရာက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
နိုင်ငံတကာခရီးသွားဧည့်သည်များသည်အနည်းဆုံးခြောက်လသက်တမ်းရှိ နိုင်ငံကူးလက်မှတ်များ၊ အခြားနိုင်ငံများသို့ ဆက်လက် သွားရောက်နိုင်သော အသွားအပြန်လက်မှတ်များ၊ အင်ဒိုနီးရှားနိုင်ငံရှိ ဟိုတယ်ခန်း ကြိုတင်မှာယူထားသောလက်မှတ်များ၊ ကျန်းမာရေးအာမခံနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိကြောင်း ဆေးစစ်လက်မှတ်တို့လိုအပ်သည်ဟု သိရသည်။
အထူးဗီဇာဖြင့် နိုင်ငံခြားခရီးသွားဧည့်သည်များကို အင်ဒိုနီးရှားနိုင်ငံတွင် အများဆုံး ရက် ၃၀ ကြာနေထိုင်ခွင့်ပြုထားပြီး နောက်တစ်ကြိမ် သက်တမ်းတိုးခွင့်ပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို