ဗီယင်ကျန်း  ဖေဖော်ဝါရီ  ၂၁

လာအိုဝန်ကြီးချုပ်       ဆွန်နက်ဆေးဆစ်ဖန်ဒန်က      နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ပိုမိုကျွမ်းကျင်သော လုပ်သားအင်အားလိုအပ်နေကြောင်း အလေးပေးတိုက်တွန်း ပြောကြားသည်။

ဖေဖော်ဝါရီ    ၂၁    ရက်က ကျင်းပသည့်    အလုပ်သမားနှင့် လူမှုဖူလုံရေးကဏ္ဍ နှစ်ပတ်လည် အစည်းအဝေးတွင်    ပြည်တွင်းနှင့် နိုင်ငံတကာစျေးကွက်များ၏ ၀ယ်လိုအားကို ဖြည့်ဆည်းပေး ရန်    ကဏ္ဍအားလုံးတွင်  ကျွမ်းကျင်လုပ်သားအင်အား  မြှင့်တင်ပေးရန် ဝန်ကြီးချုပ်က တိုက်တွန်း  ခဲ့ကြောင်း လာအိုအလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက  ထုတ်ပြန်သည်။

ပိုမိုကောင်းမွန်သော ထောက်ပံ့မှု ကွင်းဆက်နှင့် ဝယ်လိုအားကို    ဟန်ချက်ညီစေရန်    လုပ်သား ဈေးကွက်  ဒေတာဘေ့စ်ထူထောင်ခြင်း၏ အရေးပါမှုကိုလည်း   အလေးပေးပြောကြားခဲ့ပြီး  အလုပ်အကိုင်အသစ်များဖန်တီးရန်နှင့်  လူမှုဖူလုံရေးဆိုင်ရာဝန်ဆောင်မှုများအား မြှင့်တင်ပေးနိုင်ရန် အတွက် ဥပဒေများနှင့်  စည်းမျဉ်းများ   အားကောင်းလာစေရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်း ထားသည်။  အထူးသဖြင့်    ဝင်ငွေနည်းပါးသော အုပ်စုများနှင့်    ပုံမှန်ဝင်ငွေ  မရရှိသည့် လုပ်သား များအတွက် ပိုမိုထိရောက်သော   လူမှုအာမခံနှင့် လူမှုဖူလုံရေးအစီအစဉ်များအပါအဝင်  ပိုမိုခိုင်မာ သော    လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ကို ထူထောင်နိုင်ရန် တိုက်တွန်းခဲ့သည်။

၂၀၂၄ ခုနှစ်တွင်     လာအို အလုပ်သမားနှင့်   လူမှုဝန်ထမ်းဝန်ကြီးဌာနက အမျိုးသမီး ၁၅၀၁၅   ဦး      အပါအဝင်  လူ ၃၄၃၂၄    ဦးကို  သင်တန်းများပို့ချပေးခဲ့ပြီး   ပြည်တွင်းနှင့် ပြည်ပစျေးကွက် နှစ်ခု စလုံးတွင် လူပေါင်း  ၁၂၄၅၃၉  ဦး  အလုပ်အကိုင်ရရှိစေရန်  ကူညီပေးခဲ့သည်။

ဆင်ဟွာ