နေပြည်တော် ဩဂုတ် ၂၄
နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများ၊ စိုက်ကွင်း/စိုက်ခြံ တာဝန်ခံ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းများ ကြီးကြပ်မှု အောက်ရှိလည်ပတ်နေသည့် စက်ရုံ/အလုပ်ရုံများ၊ ငှားရမ်းစက်ရုံများနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပြီး ထွက်ရှိ လာသည့်ရလဒ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားနှင့် လုံခြုံရေးမဟာဗျူဟာကို ထိခိုက်စေနိုင်သော စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကကဏ္ဍမှ နည်းပညာလက်လှမ်းမမီနိုင်သော စက်မှုလုပ်ငန်းများကို စနစ်တကျကိုင်တွယ်၍ ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပြီး ကျန်စက်ရုံများအနက် မဖြစ်မနေသွင်းကုန် အစားထိုးထုတ်လုပ်ရမည့် စက်ရုံများကို ပြန်လည်လည်ပတ်စေပြီး နှစ်အလိုက်သတ်မှတ်၍ ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ စက်ရုံများ ငှားရမ်းဆောင်ရွက်ခြင်းတို့ဖြင့် လက်ဆင့်ကမ်းလွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံပိုင်အဖြစ်မဖြစ်မနေ လည်ပတ်ဆောင်ရွက်ရမည့် စက်ရုံများအတွက် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး အလေးထားရန် လိုအပ်သဖြင့် အဓိက ကျသော သွင်းအားစုများဖြစ်သည့် စွမ်းအင်၊ ကုန်ကြမ်းနှင့် စက်အရန်ပစ္စည်းများကို ပြည်တွင်း၌ လုံလုံ လောက်လောက်ရရှိရေး စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက် မှုဝန်ကြီးဌာနအနေဖြင့် ငွေကြေးအရင်းအနှီး၊ စွမ်းအင်နှင့် နည်းပညာများကန့်သတ်ချက် ရှိခြင်း၊ အရည်အသွေးနှင့် တီထွင်ထုတ်လုပ်မှုနည်းပညာ အားနည်းနေခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း၊ ပြည်ပဈေးကွက်မထိုးဖောက်နိုင်ခြင်း၊ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ်ကြီး မြင့်ခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ခေတ်နှင့်လျော်ညီမှုမရှိသည့် လုပ်ထုံး လုပ်နည်းများကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား စက်မှုဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်နေသော စက်ရုံများ၊ စက်လိုင်းများ၊ စက်ပစ္စည်း များကို ထုတ်လုပ်ပေးနိုင်သော စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့်ရင်းမြစ်များ (သို့မဟုတ်) ပင်မစက်မှုလုပ်ငန်းများကို တည်ဆောက်လျက် အမျိုးသားစက်မှုလုပ်ငန်း စွမ်းအားစု တစ်ရပ်ပေါ်ထွန်းလာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်ဒုတိယဝန်ကြီးက နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများအနေဖြင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရန်၊ ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်တို့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဈေးကွက်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေး နွေးပွဲပြုလုပ်ရမှု၊ ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများက နိုင်ငံပိုင်စက်ရုံ/ အလုပ် ရုံများနှင့် ငှားရမ်း စက်ရုံများ၏ လူ့စွမ်းအားအရင်းအမြစ်၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ကုန်ကြမ်း ရရှိမှု၊ ငွေလုံးငွေရင်း၊ ဘဏ္ဍာရေး၊ ဈေးကွက်၊ ကုန်ချောထုတ်လုပ်နိုင်မှုနှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမှု တို့ကိုဆွေးနွေးတင်ပြသည်။
ထို့အပြင် အဖွဲ့များဖွဲ့စည်း၍ အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အဖွဲ့အလိုက် ဆွေးနွေးရရှိ သည့်အချက်များကို ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင် စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်