နေပြည်တော် ၁၁ အောက်တိုဘာ
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြန်မာသံရုံး (၄)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၁)ရုံးနှင့် ပြင်ပမဲရုံခွဲ (၂)ခုတို့၌ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသားများက မြန်မာသံရုံး ဘဲလ်ဂရိတ်မြို့တွင် (၁၀)ဦး၊ မြန်မာသံရုံး ကူဝိတ်မြို့တွင် (၆၂)ဦး၊ မြန်မာသံရုံး ကိုလံဘိုမြို့တွင်(၂၉)ဦး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကိုလ်ကတ္တား မြို့တွင် (၁၀)ဦးတို့ လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီး ဒေသဆိုင်ရာစံတော်ချိန်များနှင့်အညီ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံး၌လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့၊ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့ရှိ ပြင်ပမဲရုံခွဲတို့၌လည်းကောင်း ကြိုတင်ဆန္ဒမဲများ စတင်ပေးခဲ့ကြကာ မြန်မာသံရုံး၊ ဘာလင်မြို့၊ လန်ဒန်မြို့၊ အော်တာဝါမြို့၊ ဗီယင်နာမြို့၊ ဝါရှင်တန်မြို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြသည်။
ထို့ပြင် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲများဖွင့်လှစ်ခဲ့ရာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ မဲဆန္ဒရှင် (၄၁)ဦး စတင်မဲပေးခဲ့ကြပြီး၊ ဂျပန်နိုင်ငံ နာဂိုရာမြို့တွင် မဲဆန္ဒရှင် (၄၉၁)ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသတွင် မဲဆန္ဒရှင်(၂၅၄)ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြန်မာသံရုံး (၁၂)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၁)ရုံးတို့၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြရာ မြန်မာသံရုံး ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၃၀၀၀)ခန့်၊ မြန်မာသံရုံး ပေကျင်းမြို့၌ မဲဆန္ဒရှင် (၉၂)ဦး၊ မြန်မာသံရုံး ကင်ဘာရာမြို့၌ မဲဆန္ဒရှင် (၄၃)ဦး၊ မြန်မာသံရုံး ဂျကာတာမြို့၌ မဲဆန္ဒရှင် (၁၆)ဦး၊ မြန်မာသံရုံး ကွာလာလမ်ပူမြို့၌ မဲဆန္ဒရှင် (၉၇၂)ဦး၊ မြန်မာသံရုံး မော်စကိုမြို့၌ မဲဆန္ဒရှင် (၁၄၁)ဦး၊ မြန်မာသံရုံး နယူးဒေလီမြို့၌ မဲဆန္ဒရှင်(၃၀)၊ မြန်မာသံရုံး ဖနောင်ပင်မြို၌ မဲဆန္ဒရှင် (၁၁၃) ဦး၊ မြန်မာသံရုံး ရောမမြို့၌မဲဆန္ဒရှင်(၂၄)ဦး၊ မြန်မာသံရုံး ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၁၁၁၄)ဦး၊ မြန်မာသံရုံး စင်ကာပူမြို၌ မဲဆန္ဒရှင် (၁၈၀၀)ခန့်၊ မြန်မာသံရုံးတိုကျိုမြို့၌ မဲဆန္ဒရှင် (၁၅၄)ဦး၊ မြန်မာသံရုံး ဗီယင်ကျန်းမြို့၌ မဲဆန္ဒရှင် (၂၀)ဦး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တွင် မဲဆန္ဒရှင် (၂၂၆)ဦးတို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။
ယမန်နေ့ကလည်း ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြသည့် မြန်မာသံရုံးများမှ သတင်းပေးပို့ချက်အရ မြန်မာသံရုံး ဘာလင်မြို့တွင် မဲဆန္ဒရှင် (၅၇)ဦး၊ မြန်မာသံရုံး အော်တာဝါမြို့တွင် မဲဆန္ဒရှင် (၁၈)ဦး၊ မြန်မာသံရုံး အော်စလိုမြို့တွင် မဲဆန္ဒရှင်(၂၁)ဦး၊ မြန်မာသံရုံး ရောမမြို့တွင် မဲဆန္ဒရှင်(၃၅)ဦး၊ မြန်မာသံရုံး ဗီယင်နာမြို့တွင် မဲဆန္ဒရှင် (၃၈)ဦး၊ မြန်မာသံရုံး ဝါရှင်တန်မြို့တွင် မဲဆန္ဒရှင်(၁၂၆)ဦး၊ မြန်မာသံရုံး လန်ဒန်မြို့တွင် မဲဆန္ဒရှင် (၂၄၆)ဦး၊ မြန်မာသံရုံး ကိုင်ရိုမြို့တွင် မဲဆန္ဒရှင် (၃)ဦး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့၊ ဂျီနီဗာမြို့တွင် မဲဆန္ဒရှင် (၄၆)ဦး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး နယူးယောက်မြို့တွင် မဲဆန္ဒရှင်(၁၅၇)ဦး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး လော့စ်အိန်ဂျယ်လိစ်မြို့တွင် မဲဆန္ဒရှင်(၁၈၃)ဦးနှင့် မြန်မာသံရုံး၊ ပါရီမြို့တွင် မဲဆန္ဒရှင် (၁၄)ဦး စုစုပေါင်း (၉၄၄)ဦး ဆန္ဒမဲများ ပေးခဲ့ကြသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နှင့်စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်း တို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိသည့် အတိုင်းလိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး (၂၃)ရုံး၊ အဖွဲ့ရုံး (၁)ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၃)ရုံးနှင့် ပြင်ပမဲရုံခွဲ (၃)ခုတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြရာ မဲဆန္ဒရှင် စုစုပေါင်း (၈၆၄၂)ဦးနှင့် အောက်တိုဘာ ၁၀ ရက်တွင် ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ မြန်မာသံရုံး (၂၇)ရုံး၊ အဖွဲ့ရုံး (၂)ရုံး၊ကောင်စစ်ဝန်ချုပ်ရုံး (၂)ရုံး၊ ပြင်ပမဲရုံခွဲ (၄)ခုတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသည့် မဲဆန္ဒရှင် စုစုပေါင်း (၈၃၃၅)ဦး ဆန္ဒမဲများပေးခဲ့ကြပြီး အလုပ် ပိတ်ရက်များဖြစ်သည့် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ပြင်ပမဲဆန္ဒရှင် စုစုပေါင်း (၁၆၉၇၇)ဉီး ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


