၇ ဇန်နဝါရီ

 

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ ထိန်းသိမ်းခံထားရသော ဆော်ဒီအာရေးဘီးယား နိုင်ငံသူကို ဒီကနေ့ တနင်္လာနေ့မှာ မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

 

1

 

အသက် ၁၈ နှစ်အရွယ် ဆော်ဒီနိုင်ငံသူ ရာဟပ်မိုဟာမက်အယ်ကွန်နွန် ဟာ သြစတြေးလျနိုင်ငံကို ခရီးသွားဖို့ အစီအစဉ်ရှိပြီး အဲဒီနိုင်ငံမှာ နိုင်ငံရေးခိုလှိုခွင့် တောင်းခံဖို့အစီအစဉ်နေကြောင်း သိရပါတယ်။ 

 

2

 

ကွန်နွန် သုဝဏ္ဏဘူမိထိုင်းလေဆိပ်မှာ လေယာဉ်ခေတ္တရပ်နားစဉ် သူမရဲ့ နိုင်ငံကူးလက်မှတ်ကို ဆော်ဒီနှင့် ကူဝိတ်အာဏာပိုင်တွေက အတင်းအကျပ် လာယူသွားကြောင်း၊ သူမရဲ့ အုပ်ထိန်းသူခွင့်ပြုချက်မပါဘဲ ခရီးသွားခဲ့အတွက် ဆော်ဒီနှင့် ကူဝိတ်အာဏာပိုင်တွေက အခုလို သူမခရီးသွားခွင့်ကို လာရောက် တားမြစ်ခဲ့ကြောင်း AFP သတင်းဌာနကို ပြောပါတယ်။ 

 

3

 

ကွန်နွန်က သူမကို မိသားစုက ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ညှင်းပမ်းတဲ့အတွက် ကူဝိတ်မှာ ခရီးသွားနေစဉ် မိသားစုဆီကနေ ထွက်ပြေးလာတာဖြစ်တယ်။ သူမကို ကူဝိတ်ကို ပြန်မပို့ဖို့ ထိုင်းအစိုးရကို တောင်းဆိုပါတယ်။ ထိုင်းနိုင်ငံမှာ စတင်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံပါတယ်လို့ ဆိုပါတယ်။ 

 

ကွန်နွန် ဆက်ပြောတာကတော့ သူမ ဆံညှပ်လိုက်တဲ့အတွက်  ခြောက်လလောက် အခန်းတစ်ခုအတွင်းမှာ သော့ပိတ်ခံရကြောင်း၊ မိသားစုက အရမ်းတင်းကျပ်ကြောင်း အခုလို သူမကို မူရင်းနိုင်ငံပြန်ပို့ရင် သေချာတာက သူမထောင်ဒဏ် ကျခံရမှာဖြစ်ကြောင်းနှင့် ထောင်ဒဏ်က ပြန်လည်လွှတ်မြောက်လာရင် မိသားစုရဲ့ သတ်ဖြတ်မှုခံရနိုင်ကြောင်း သူမရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးမှာကို ကြောက်လန့်ကြောင်း ဆက်လက် ပြောဆိုပါတယ်။ 

 

ထိုင်းလူဝင်မှုကြီးကြပ်ရေး အကြီးအကဲက “ကွန်နွန်ဟာ ဒေသစံတော်ချိန် နံနက် ၁၁:၁၅ မှာ ကူဝိတ်လေကြောင်းနှင့် ကူဝိတ်ကို ပြန်မှာဖြစ်ကြောင်း၊သူမနဲ့အတူ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများနှင့် ဆော်ဒီသံရုံးမှ တာဝန်ရှိသူများ လေယာဉ်စောင့်နေကြောင်း၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံရင် အဲဒီနိုင်ငံတွေက ပြန်စာကို တောင်းခံသူက စောင့်ရမှာဖြစ်ကြောင်း သူတို့ထိုင်းနိုင်ငံအနေနဲ့ မသက်ဆိုင်ကြောင်း” သတင်းဌာနတွေကို ပြောပါတယ်။ 

 

လူ့အခွင့်ရေးလှုပ်ရှားသူတွေက ကွန်နန်ဟာစာရိတ္တပိုင်းဆိုင်ရာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခံရနိုင်ကြောင်း ၊ မိသားစုတွေက သူတို့လက်မခံနိုင်တဲ့ အပြစ်ကျူးလွန်တဲ့ အမျိုးသမီးတွေဟာ “မိသားစုဂုဏ်ဆောင်တဲ့သတ်ဖြတ်ခြင်း” အဓိပ္ပါယ်မျိုးနှင့် သတ်ဖြတ်ခံရလေ့ရှိကြောင်း ပြောဆိုပါတယ်။

 

၂၀၁၇ ခုနှစ်ကလည်း ဆော်ဒီအမျိုးသမီးတစ်ဦး မိသားစုဆီကနေ ထွက်ပြေးရာ ဖိလစ်ပိုင်နိုင်ငံမှာ လေယာဉ်ခေတ္တရပ်နားစဉ် သူမကို ခရီးဆက်လက်သွားလာခွင့် ပိတ်ပင်ခံခဲ့ရဖူးပါတယ်။ 

 

MDN
ကိုးကား- AFP