ရန်ကုန်   ဒီဇင်ဘာ   ၂၅

ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေအရ သင့်လျော်သည့် ရွေးကောက်ပွဲ စနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အချိုးကျ ကိုယ်စားပြုစနစ်(PR) အပါအဝင် ပြောင်းလဲ ကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး လွှတ်တော်ခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၂ ပါတီမ ှဆွေးနွေးမည့်သု ၁၁၅ ဦးတို့က အစုအဖွဲ့ ခြောက်ဖွဲ့ဖြင့်
ပြည်သူ့လွှတ်တော် နှစ်ဖွဲ့၊ အမျိုးသားလွှတ်တော် နှစ်ဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် နှစ်ဖွဲ့စီကို ပါတီအကြီး၊အငယ်အလိုက် မျှတအောင်စုဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ အဆင်ပြေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)