ခတ္တမန္ဒူ ဇူလိုင် ၁၈ နီပေါနိုင်ငံ၌ ဇူလိုင်လလယ်တွင်အဆုံးသတ်သော ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်သောအရေအတွက်သည် စံချိန်တင်မြင့် တက်လျက်ရှိကြောင်း ဇူလိုင်၁၈ ရက်တွင် အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် ခွင့်ပြုချက်ရရှိသော အလုပ်သမား အရေအတွက်ပေါင်းမှာ ၇၇၁၃၂၇ ဦးရှိပြီး အများစုမှာ အသက် ၄၀ အောက်အရွယ်များ ဖြစ်ကြောင်း နိုင်ငံခြားအလုပ်အကိုင် ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂူရူဒတ်တာဆူဘီဒီက ပြောသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံရပ်ခြားသို့ အလုပ်ထွက် လုပ်သော နီပေါနိုင်ငံသား ဦးရေမှာ ၆၉၃၀၃၂ ဦးရှိပြီး အဆိုပါ ထိုအချိန်ကအရေအတွက်မှာအများဆုံး ပမာဏဖြစ်ကြောင်းသိရသည်။နှစ်စဉ် နီပေါနိုင်ငံသား၅၀၀၀၀၀ ခန့် အလုပ်အကိုင် ဈေးကွက်သို့ ဝင်ရောက်မှုရှိသော် လည်း နီပေါနိုင်ငံ အနေဖြင့် ၎င်းတို့ ထဲမှ လူပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့်ကိုသာ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်းအလုပ်သမားဆိုင်ရာ လေ့လာရေးစင်တာမှ ကျွမ်းကျင်သူ ဂျီးဗန် ဘာနီယာက ပြောသည်။
ရွှေ့ပြောင်းလုပ်သား မြင့် တက်လာခြင်းက နီပေါနိုင်ငံအနေဖြင့် ငွေလွှဲပို့မှု ပိုမို ရရှိလာမည်ဖြစ်သော်လည်း တစ်ဖက်တွင်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော လူသားအရင်း အမြစ်များ ဆုံးရှုံးလျက်ရှိနေကြောင်း ၎င်းကဆက်ပြောသည်။
ဆင်ဟွာ