နေပြည်တော်၊ စက်တင်ဘာ ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း နှင့် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်း စဉ်သည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး လူတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်အ လက်များကိုသတ်မှတ်ပုံစံများတွင်ပြည့်စုံမှန်ကန်စွာဖြည့်သွင်းကြရန်အရေးကြီးကြောင်း၊ ယင်းစာ ရင်းပုံစံအချက်အလက်များအပေါ်မူတည်၍ ရွေးကောက်ပွဲများကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းစဉ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၊ အထွေ ထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဌာနမှစာရင်းဇယားများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ဦးစီးမှူးရုံး၊ မှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှု၊ မြို့နယ်ရုံးရှိ နိုင်-၄ မှတ်တမ်းများ ကွန်ပျူတာ များဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် ခရိုင်ရုံးဖွင့်လှစ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့၊ အမှတ် ( ၃ )ရပ်ကွက်ရှိ မြေနေရာ၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ခရိုင်ရုံးပါဝင်သော စုပေါင်းခရိုင်ရုံး ဆောက်လုပ်မည့်မြေနေရာသို့ ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ ရှမ်းပြည်နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများအားတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သည့် မဲစာရင်း များနှင့် ဌာနရှိ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် တိုက်ဆိုင်ကာ မဲစာရင်းမှန်ကန်ရေး ပြုစုဆောင် ရွက်ရေး၊ ဌာနမှ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်အသိပေးမှုအပေါ် စနစ်တကျ စိစစ်ဆောင်ရွက်ပေးရမည့်နည်းလမ်းနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် အစီအမံများ၊ မဲစာရင်း မှန်ကန်စွာပြုစုနိုင်ရေးအတွက် ဌာနအနေဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့်အခြေအနေ၊ ဌာန၏ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အချင်းချင်း စာရင်းဇယားများ အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်အခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်၍ ပြည်သူကို စေတနာ ရှေ့ထားကာ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်မှုနှင့် နိုင်-၄ မှတ်တမ်းပါ အချက်အလက်များ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)