နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေ နှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက် ရှိပါသည်။
နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ စုပေါင်းပေးအပ်လှူဒါန်းပွဲကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် “ ပညာဒါန” အလှူအဖြစ် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလိုပါက အောက်ပါ ပုဂ္ဂိုလ်များထံ ဆက် သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည် -
-ညွှန်ကြားရေးမှူး (ထုတ်လုပ်)
ပြန် / ဆက် ဉီးစီးဌာန
ဖုန်း ၀၁ ၃၇၁၃၄၂ / ၀၆၇၃၄၁၂၃၇၁ / ၀၉၄၂၁၀၄၆၇၁၅
- ညွှန်ကြားရေးမှူး (ပြန်ဆက်)
ပြန် / ဆက် ဉီးစီးဌာန
ဖုန်း ၀၆၇၃၄၁၂၁၆၄
- တိုင်းဒေသကြီး / ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ပြန် /ဆက်ဉီးစီးဌာန ရုံးများ
ပြန်ကြားရေးဝန်ကြီးဌာန