၁၁ မတ်
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအနေနှင့် နံနက် ၉ နာရီ မှ ၁၂ နာရီအထိ မတ် ၁၁ ရက်မှ စတင်ပြီး မြန်မာစာ၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်တွင် သင်္ချာ၊ မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၇ ရက်တွင် ရူပဗေဒ၊ မတ် ၁၈ရက်တွင် ဇီဝဗေဒ/ဘောဂ၊ မတ် ၁၉ ရက်တွင် ပထဝီ၊ မတ် ၂၀ ရက်နေ့တွင် သမိုင်းဘာသာရပ်များ ကို ဖြေရမည်ဖြစ်သည်။

တက္ကသိုလ် ဝင်စာမေးပွဲကို ယနေ့ စတင်ဖြေဆိုလျက်ရှိရာမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၂၇၉ တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၃၃၄ ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ် ဆဒုံးမြို့ (အထက) ကျောင်း၌ ဖြေဆိုသူ ကျား(၇၇) ဦး၊ မ (၈၈) ဦးစုစုပေါင်း (၁၆၅) ဦးဖြေဆိုကြပြီး ပျက်ကွက်သူ ကျား(၇) ဦး၊ မ (၅) ဦး စုစုပေါင်း (၁၂) ဦး ပျက်ကွက်ကြောင်း သိရသည်။

ထိုနည်းတူ အမာမြို့နယ်အတွင်း စာစစ်ဌာနလေးခုဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၉၉၆ ဉီး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် ချင်းပြည်နယ် တီးတိန်မြို့တွင် စာစစ်ဌာန ခြောက်ခု ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၂၄၃၇ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
MDN
