ရမည်းသင်း၊ ၂၉ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(National Case Management Program - NCMP) ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက အမှာစကားပြောကြားပြီး ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးမော် က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယခရိုင်တရားသူကြီး ဒေါ်ခင်လဲ့လဲ့က နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်ထုံးလုပ်နည်းကို လည်းကောင်း၊ မြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်က နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် စစ်ဆေးမည့်အမှုများ တွင် အသုံးပြုမည့် ပုံစံများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဉပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်မြင့်သန်း တို့ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


