သံတွဲ ဧပြီ ၁၀
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်နိုင်ရေးအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလှူဒါန်းသည့် စာအုပ်(၃၁၅)အုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်တို့က ပေးအပ်လှူဒါန်းကြရာ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ နာယက ဦးလှဟန်၊ ဒေါက်တာစိုးမြင့်နှင့် Book Club နာယက ဦးမြင့်စိုးတို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် စာကြည့်တိုက်ခန်းမ၊ အစည်းအဝေးခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမနှင့် ပြည်တိုက်ငယ်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)