၁၅ ဖေဖော်ဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မက္ကဆီနယ်စပ်မှာ တံတိုင်းကာရေးအတွက် နိုင်တော် အရေးပေါ်အခြေအနေ ကြေငြာပြီး တံတိုင်းကာရေးအတွက် ရန်ပုံငွေရရှိရေး ပြင်ဆင်နေပါတယ်။ 

 

mdn

 

သမ္မတထရန့်က နိုင်ငံတော်လုံရေး နဲ့နယ်စပ်က ပြဿနာတွေကို ရပ်တန့်သွားဖို့အတွက် လုပ်ဆောင် သွားမယ်လို့ အိမ်ဖြူတော်က ကြေငြာသွားပါတယ်။ 
ဒီကနေ့ သောကြာနေ့ဟာ နိုင်ငံတော်ရဲ့ အလုပ်တစ်စိတ်တစ်ပိုင်း  ပြန်ပိတ်နိုင်တဲ့ နောက်ဆုံးရက် ဖြစ်ပါတယ်။ အဲဒီလို မဖြစ်အောင် ဆီးနတ်အတွက် အသုံးစရိတ်ကို ထရန့်က လက်မှတ်ထိုးမပေးခင်မှာ နိုင်ငံတော် အရေးပေါ်ကြေငြာမယ်လို့ ပြောဆိုတာ ဖြစ်ပါတယ်။ 

 

mdn

 

အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီနဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချက် ရှူးမားက နိုင်ငံတော် အရေးပေါ်အခြေအနေတယ်ဆိုတာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်။ သမ္မတတစ်ယောက်ရဲ့ အာဏာကို အလွဲသုံးစား လုပ်တာသာဖြစ်တယ်။ တံတိုင်းကာရေးမှာ ကုန်ကျငွေကို မက္ကဆီက ပေးရမယ့်ဆိုတဲ့ သမ္မတထရန့်ရဲ့ ခိုင်မာတဲ့ ကတိစကားကို ဖောက်ဖျက်နိုင်ရေးအတွက် ကြိုးစားမှုတစ်ခုသာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ 

 

mdn

 

MDN
ကိုးကား - AFP