မြစ်ကြီးနား     ၄    ဒီဇင်ဘာ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံ လုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ပြီး ကချင်ပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၆၀ ရာခိုင်နှုန်းကျော် မီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ကချင်ပြည်နယ်ရုံး၌ ကျင်းပပြုလုပ်သည့် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အခမ်းအနားမှ သိရှိရသည်။

 

၀၇

 

အဆိုပါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း  ပြည့်မြောက်သည့် အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

 

၈

 

အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က မိမိတို့အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုမျှော်မှန်းပြီး ကချင်ပြည်နယ် အတွင်းရှိ ခရိုင်(၄)ခရိုင်ကို ဟန်ချက်ညီစွာဖြင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ ခွဲရုံများ တည်ဆောက်ခြင်း၊ ရှိပြီးသော လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကျင်းပသော တစ်နိုင်ငံလုံး မီးသုံးစွဲသူအိမ်ထောင်စု (၅၀ ရာခိုင်နှုန်း) ပြည့်မြောက်သည့်ပွဲဟုဆိုသော်လည်း ကချင်ပြည်နယ်တွင် (၆၁.၉) ရာခိုင်နှုန်းအထိ မီးလင်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

၀၈

 

ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ကျပ်သန်း (၂၀ဝ၃၆၅.၇)ထိ လျာထားမှုရှိပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အိမ်ထောင်စု (၁၈၃၄၉၉) ဦးကို လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်သဖြင့် ပြည်နယ်တစ်ခုလုံး၏ (၆၈.၁၁)ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက လျှပ်စစ်ဓာတ် အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း နှုန်းပြည့်မြောက်ခဲ့ခြင်းနှင့် ကချင်ပြည်နယ်အတွင်း ဘဏ္ဍာနှစ် အလိုက် လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားသုံးပစ္စည်းများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

၀၉၄၅၂၀၆

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ပြည်နယ်အတွင်းရှိ အိမ်ထောင်စု ဦးရေ  (၂၆၉၃၆၅)ဦးရှိသည့်အနက် အိမ်ထောင်စု (၁၆၆၈၃၄)ဦး မီးပေးနိုင်ခဲ့ပြီး မီးမရရှိသေးသည့် အိမ်ထောင်စု ဦးရေ (၁၀၂၅၃၁)ဦးတို့အတွက် မီးလင်းနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

ရာခိုင်နှုန်းအားဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလအထိ အိမ်ထောင်စုဦးရေ (၂၆၉၃၆၅) ဦးအနက် လျှပ်စစ်မီး သုံးစွဲသူ (၉၉၇၄၉)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၃၆.၉၃) ရှိရာမှ  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၂၈၂၀၃.၇)သန်း သုံးစွဲ၍ (၄၅.၇၈)ရာခိုင်နှုန်းအထိလည်း ကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း (၁၄၅၁၃.၄)ကို သုံးစွဲ၍ (၄၉.၄၃)ရာခိုင်နှုန်း၊ ၂၀၁၈ မီနီဘတ်ဂျတ်တွင် ကျပ်သန်း (၂၂၁၉.၅) သန်း သုံးစွဲ၍ (၅၃.ဝ၃)ရာခိုင်နှုန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၁၅၆၆၂.၇)သုံးစွဲ၍ (၆၀.၆၉)ရာခိုင်နှုန်းအထိလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပုဂ္ဂလိက မီးလင်းရေးအဖွဲ့အစည်းများမှ ဖြန့်ဖြူးပေးထားသော အိမ်ထောင်စု (၃၃၃၅)ဦးကို ထည့်သွင်း တွက်ချက်ပါက အိမ်ထောင်စုအားလုံး၏ ရာခိုင်နှုန်းအား(၆၁.၉)ရာခိုင်နှုန်း မီးလင်းခဲ့ပြီးဖြစ်သည်။

 

ပြည်နယ်ပြန်/ဆက်