နေပြည်တော်  ၂၁   ဇွန်  


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့် အဖွဲ့သည် ကိုရီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ဇွန် ၁၇ ရက်မှ ဇွန် ၂၀ ရက်ထိကျင်းပသည့် အာရှဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့ (AACC)၏ ဒုတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ည ၁၀ နာရီတွင် လေကြောင်းခရီးဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ ပြန်လည်ရောက်ရှိလာရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)