နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲသို့  အခမဲ့လွတ်လပ်စွာ ကြည့်ရှုလေ့လာနိုင်

နေပြည်တော် ၁၅ မတ်

နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ မတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖြစ်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအနေဖြင့် ဒေသထွက် ကုန်ပစ္စည်းများ ယှဉ်ပြိုင်နိုင်စွမ်းအား မြင့်မားလာစေရန်၊ ဈေးကွက်အခွင့်အလမ်းများ ရရှိစေရန် SMEs လုပ်ငန်းရှင်များ၏  တီထွင်ဖန်တီးမှု စိတ်ကူးများနှင့် ထုတ်လုပ်မှု နည်းပညာအဆင့်အတန်းများ တိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ နေပြည်တော်ရှိ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများရှိ  ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ အခမဲ့လွတ်လပ်စွာ လေ့လာကြည့်ရှုနိုင်ပြီး SME များ၏ ဒေသထွက်ထုတ်ကုန်များအား အဖိုးနှုန်းချိုသာစွာဖြင့် ဝယ်ယူအားပေးနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရှိရသည်။

မွှေးကြူဇင်