ရန်ကုန် ဩဂုတ် ၁၃

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာအလိုက်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် နိုင်ငံတော်အစီစဉ်ဖြင့် ပြည်ပ လေ့လာရေးခရီးစဉ်အဖြစ်  ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်လေ့လာခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။

ပြည်ပလေ့လာရေးခရီးစဉ် သွားရောက်လေ့လာခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ချုပ်သူ များအား ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပန်းစည်းများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

(သတင်းစဉ်)