မာန်အောင် ၁၈ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက် နံရံကပ်ဆိုင်းဘုတ်တွင် ပြည်သူများ ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် ယနေ့နံနက် ၁၀ နာရီက နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းများ၊ ဌာနဆိုင်ရာများ၏ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပိုစတာများ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး စာစောင်များ၊ လူကုန်ကူးမှုဆိုင်ရာ သိသင့်သော အခြေခံအချက်များကို ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ပြသဆောင်ရွက်ထားရှိပြီး တစ်လလျှင် တစ်ကြိမ် လဲလှယ်ကာ ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)
