ရေရှည်တည်တံ့သည့် လူမှုအဖွဲ့အစည်းတစ်ရပ်အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ဆောင်းပါး - နန္ဒာဝင်း၊ ဓာတ်ပုံ - တာရာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်တောနှင့် သတ္တုသယံဇာတများ ရေရှည်တည်တံ့ရေး၊ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို သဟဇာတဖြစ်အောင် ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

 

သဘာဝသယံဇာတများမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို စဉ်ဆက်မပြတ် ခံစားနိုင်စေရန် ဥပဒေများ၊ မူဝါဒများနှင့် မဟာ ဗျူဟာများ ရေးဆွဲပြဋ္ဌာန်းပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသလို တိုးတက်မှုနှင့် အောင် မြင်မှုများစွာကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက ဖော်ဆောင်နိုင်ခဲ့သည်။

 

သစ်တောများနှင့် သဘာဝဂေဟစနစ် များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လက်ရှိအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသည့် ဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်သည့်အတွက် ၂၀၁၈ ခုနှစ်တွင် ဇီဝ မျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် သစ်တောဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းနိုင်ခဲ့သည်။

1548

သစ်တောကဏ္ဍ

 

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် နောင်လာနောက်သား သားစဉ်မြေးဆက်များ တိုင် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး အတွက် ၁၉၉၅ ခုနှစ် သစ်တောမူဝါဒကို ထုတ်ပြန်ပြဌာန်းခဲ့ပြီး ကာကွယ်ခြင်း၊ ထာဝစဉ် တည်တံ့စေခြင်း၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း၊ ပြည်သူတို့က ပူးပေါင်းပါဝင် ဆောင်ရွက်လာစေ ခြင်း၊ ပြည်သူအတွင်း နိုးကြားတက်ကြွသည့် အသိ ရှင်သန်နေစေခြင်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

65941

ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများဖွဲ့စည်း

 

အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း (၂၀၀၁ -၂၀၀၂) မှ (၂၀၃၀-၂၀၃၁) ကို ရေးဆွဲ ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ သဘောတောတောင်ရေမြေများ ကို ထိန်းသိမ်းကာကွယ်နိုင်ရန် သစ်တော ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာ၏ သုံးရာခိုင်နှုန်းနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ တစ်ရာခိုင်နှုန်း တိုးချဲ့ဖွဲ့စည်းနိုင်ရေး ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိသည်။ ။

 

ယခုအထိ ကြိုးဝိုင်းကြိုးပြင် ကာကွယ် တောများကို နိုင်ငံအကျယ်အဝန်း၏ ၂၅ သမ ၄၉ ရာခိုင်နှုန်း၊ ဧကအနေဖြင့် ၄၂ ဒသမ ၆ သန်းကျော်ဖွဲ့စည်းခဲ့သည်။ လေးနှစ်တာကာလ အတွင်း ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ၇၉ ခု၊ ဧကအနေဖြင့် ၁၂၉၄၉၁၁ ဧကနှင့် သစ်တော ကြိုးပြင်ကာကွယ်တော ၂၆ ခု၊ ဧက အနေဖြင့် ၃၀၄၅၉၃ ဧက ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့သည်။

 

သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း

 

သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန် ရေး ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး အတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး (၁၀) နှစ် စီမံကိန်းကို ၂၀၁၇ -၂၀၁၈ ခုနှစ်မှ ၂၀၂၆ -၂၀၂၇ ခုနှစ်အထိ ရေးဆွဲ ပြီး သစ်တောများတည်ထောင်ခြင်းနှင့် ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်း ၁၉ ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

စတုတ္ထ (၁)နှစ်တာကာလအတွင်း နိုင်ငံတော်ပိုင် စီးပွားရေးစိုက်ခင်း ၁၇၂၁၅ ဧက၊ရေဝေရေလဲစိုက်ခင်းဧက ၂၃၃၀၊ ဒီရေတော စိုက်ခင်းဧက ၂၈၅၀ ကျေးရွာထင်းစိုက်ခင်း ၃၆၉၈ ဧက၊ ပုဂ္ဂလိကကျွန်းစိုက်ခင်းဧက ၈၅၀ နှင့် ပုဂ္ဂလိကသစ်မာစိုက်ခင်းဧက ၁၁၉၄၀ တည်ထောင်စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူလူထု၏ ဝါးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အတွက် လုပ်ငန်းရှင် ၁၀၆ ဦးမှ ပုဂ္ဂလိက ဝါးစိုက်ခင်း ၂၂၇၆ ဧက တည်ထောင် စိုက်ပျိုး နိုင်ခဲ့သည်။

 

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း

 

သစ်တောဦးစီးဌာနအနေဖြင့် သစ်တော သယံဇာတများ စီမံအုပ်ချုပ်ရာတွင် ဒေသခံ ပြည်သူများအတွက် ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြား ချက်များကို ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည်။

 

ဒေသခံပြည်သူများ ကိုယ်တိုင်စီမံအုပ်ချုပ် လုပ်ကိုင်ခြင်းဖြင့် အခြေခံလိုအပ်ချက်များ ဖြစ်သည့် ထင်း၊ တိုင်၊ မျော စသည်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ယခုအခါဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအသုံးပြုသူများ အဖွဲ့ ၅၄၃၂ ဖွဲ့၊ အသုံးပြုသူအဖွဲ့ဝင် ၁၃၈၂၃၇ ဦး၊ ဧကအနေဖြင့် ၇၁၄၇၂၅ ဧက တည်ထောင် ဆောင်ရွက်နိုင်ခဲ့သည်။

 

(၄)နှစ်တာကာလအတွင်း ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အသုံး ပြုသူ များအဖွဲ့ ၃၀၂၉ ဖွဲ့၊ အသုံးပြုသူအဖွဲ့ဝင် ၆၂၈၆၆ ဦး၊ ဧကအနေဖြင့် ၄၀၈၆၇၀ တည်ထောင်ဆောင်ရွက်ခဲ့သည်။ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တော လုပ်ငန်းအသုံးပြုသူများအဖွဲ့ ၆၄၈ ဖွဲ့၊ အသုံးပြုသူအဖွဲ့ဝင် ၁၄၇၄၄ ဦး၊ ဧက အနေဖြင့် ၈၇၃၀၂ဧက တည်ထောင်ဆောင်ရွက်

နိုင်ခဲ့သည်။

 

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး အခြေ အနေများနှင့် လိုက်လျောညီထွေမှုရှိစေရန်၊ သစ်တောဥပဒေနှင့် ကိုက်ညီမှုရှိစေရန် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ဖြည့်စွက်ပြင်ဆင်ပြီး ၂၀၁၉ ခုနှစ် မေလတွင် ထုတ်ပြန်နိုင်ခဲ့သည်။

 

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အခြေပြု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်

ရာတွင် လိုအပ်မည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၈ -၂၀၂၀) ကို ရေးဆွဲထုတ်ဝေနိုင် ခဲ့သည်။ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးသစ်တောဦးစီးဌာနအနေဖြင့် သစ်တော များ ပြန်လည်တည်ထောင်ခြင်းနှင့် သစ်တော များ ပြုစုထိန်းသိမ်းခြင်း ဆောင်ရွက်လျက်ရှိ သကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းအစီအစဉ် ကို ၂၀၁၉-၂၀၂၀ မှ ၂၁၂၈ -၂၀၂၉ အထိ ရေးဆွဲ အတည်ပြုထားခဲ့ပြီးဖြစ်သည်။

45755985

စတုတ္ထ (၁) နှစ်တာကာလအတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေး လုပ်ငန်းနှင့်ထိန်းသိမ်းကာကွယ် မြှင့်တင်ရေးလုပ်ငန်းများ | ကို ၂၅ ဒသမ ၉၇ ရာခိုင်နှုန်း ဆောင်ရွက်ထားပြီးဖြစ်သည်။

 

သဘာဝသစ်တောကြီးများနှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း

စောင့်ရှောက်နိုင်ရန် အတွက် သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံတော် ဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလအထိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၅ ခု၊ နိုင်ငံဧရိယာ၏ ၅ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဧက ၉ ဒသမ ၈ သန်း ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သည်။

 

(၄)နှစ်တာကာလအတွင်း သဘာဝ ထိန်းသိမ်းရေးနယ်မြေ ခြောက်ခု၊ ဧကအနေဖြင့် ၁၇၆၂၇၂ ဒသမ ၀၇ ဧက ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ပြီး စတုတ္ထ (၁) နှစ်တာကာလအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ၂ ခု၊ ဧကအနေ ဖြင့် ၄၃၆၀၅ ဧက ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။

 

၂၀၁၆ ခုနှစ်တွင် အင်းတော်ကြီး တောရိုင်း ( တိရစ္ဆာန်ဘေးမဲ့တော၊ ၂၀၁၇ ခုနှစ်တွင် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် မုတ္တမပင်လယ်ကွေ့ (မွန်ပြည်နယ်အပိုင်း)၊ ၂၀၁၈ ခုနှစ်တွင် အင်းလေးကန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့ကို ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ(Ramsar Site)နှင့် ၂၀၁၇ ခုနှစ်တွင် အင်းတော်ကြီးကန်ဒေသကို လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserva-MAB) အဖြစ် သတ်မှတ်နိုင်ခဲ့သည်။

 

ထို့အတူ ၂၀၁၉ ခုနှစ်တွင် နံ့သာကျွန်းကို ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ခံရရေး၊ ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝ ကြိုးဝိုင်းတို့ကို အာဆီယံအမွေအနှစ်နေရာ များအဖြစ် သတ်မှတ်ခံရရေး အဆိုပြုတင်ပြ ထားသည်။

 

နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်

 

ရေရှည်တည်တံ့သော သစ်တောအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူပြုနိုင်ရန် အတွက် နိုင်ငံတကာအစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ၏ အကူအညီ ရယူပြီး လုပ်ငန်းစီမံကိန်း ၃၄ ခုကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယခုအစိုးရ လက်ထက် စတုတ္ထ (၁) နှစ်တာကာလအတွင်း လုပ်ငန်းစီမံကိန်း သုံးခု အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ရာ လုပ်ငန်းစီမံကိန်း အသစ်နှစ်ခု၏MoUI LoA လက်မှတ်ရေးထိုးပြီး စတင်ဆောင်ရွက်နိုင်ခဲ့သည်။

 

စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများ

 

သစ်တောဦးစီးဌာနအနေဖြင့် သစ်တော များ ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်ခြင်း နှင့် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက် ရာတွင် ဝန်ထမ်းများ အရည်အချင်းပြည့်ဝစေ ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး ပြည်တွင်းပြည်ပသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဒီပလိုမာ နှစ်ဦး၊ မဟာဘွဲ့ ၁၇ ဦးနှင့် ပါရဂူဘွဲ့တစ်ဦးတို့က ပြည်ပနိုင်ငံ များတွင် တက်ရောက်အောင်မြင်ခဲ့ကြသည်။

 

သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့ သစ်လုပ်ငန်းတို့မှ တောခေါင်း၊ ချောင်းခေါင်း အဆင့် ဝန်ထမ်းများကို မြန်မာနိုင်ငံ သစ်တောကျောင်း၌ အခြေခံသစ်တောပညာ (၂) နှစ်သင်တန်း အမှတ်စဉ် (၁၁၄)နှင့် (၁၁၅) တို့ကို ဖွင့်လှစ်ပို့ချလျက်ရှိပြီး ဝန်ထမ်း ၁၂၉ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

259+59

တရားမဝင်သစ်ဖမ်းဆီး

 

သစ်တောဦးစီးဌာနအနေဖြင့် သဘာဝ သယံဇာတများ ထိန်းသိမ်းကာကွယ်ရေးအတွက် တရားမဝင်သစ်ခိုးထုတ်သယ်ဆောင်မှု များကို နည်းလမ်းမျိုးစုံအသုံးပြု ကာကွယ် တားဆီးလျက်ရှိပြီး ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၆ ခုနှစ် စက်တင်ဘာလမှစတင်၍ တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခု ခရိုင် ၁၉ ခု | တွင် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များထားရှိ ပြီး သစ်တောဝန်ထမ်းများနှင့်ပူးပေါင်းကာ တရားမဝင် သစ်ဖမ်းဆီးရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်သစ် ခိုးထုတ်သယ်ဆောင်မှုများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် ၂၀၁၇ ခုနှစ် စက်တင် ဘာလမှစတင်၍ ပြည်သူများပူးပေါင်းပါဝင်မှု ဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) , အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

စတုတ္ထ (၁) နှစ်တာကာလအတွင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ တရားမဝင်သစ် ၄၉၇၈၂ ဒသမ ၃၅ တန်၊ နိုင်ငံခြားသား ၂၈ ဦး အပါအဝင် တရားခံ ၄၅၃ ဦး၊ ယာဉ်/ယန္တရား ၂၇၁၁ စီး ဖမ်းဆီးနိုင်ခဲ့သည်။

 

တရားမဝင်သစ်ဖော်ထုတ် ဖမ်းဆီး တွင် ယခုကဲ့သို့ တိုးတက်ဖမ်းဆီးရမိခဲ့ခြင်းသည် ပြည်သူလူထုနှင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အသိ အမှတ်ပြုပြောကြားသည်။

 

သစ်တောဦးစီးဌာနအနေဖြင့် သစ်တော စီမံကိန်းများရေးဆွဲပြီး ရည်မှန်းချက်များ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရာ နိုင်ငံ၏ သစ်တော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ရေးအတွက် ပြည်သူများနှင့် ဌာနဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

529+

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်လာစေရန် ၂၀၁၉ ခုနှစ် မိုးရာသီတွင် စိုက်ခင်းဧက ၄၀၀၀ တည်ထောင်ခဲ့ပြီး ရှင်ပင် ရေတွက်ခြင်းအရ ၉၇ ဒသမ ၂၀ ရာခိုင်နှုန်း ရှင်သန်မှုရှိခဲ့သည်။ ငါးနှစ်ပြည့်ပြီး ကျေးရွာသုံး ထင်းစိုက်ခင်းများမှ ထင်း ၄၇၀ ဒသမ ၀၈ တန်း တိုင် ၁ဝ၁၆ လုံးနှင့် မျော ၃၀၇၆ လုံးတို့ကို သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းဖြန့်ဝေ ပေးနိုင်ခဲ့သည်။

သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ်ခြင်းအနေဖြင့် ဧက ၄၁၀၀၀ အနက် ဧက ၄၁၀၀ ကို ဓမ္မတာမျိုးဆက်ခြင်းဆောင်ရွက်ရာမှ ထွက်ရှိလာသော ကိုင်းဖျား ကိုင်းနားများကို နီးစပ်ရာကျေးရွာများသို့ ထင်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ထင်း ၃၁၅ ဒသမ ၃၂ တန် ဖြန့်ဝေပေးနိုင်ခဲ့သည်။

 

နိုင်ငံတော်၏ ရေမြေတောတောင်တို့ကို ထိန်းသိမ်းကာကွယ်နိုင်ရန် ယခုအစိုးရ လက်ထက်တွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် မိုးရာသီတွင် အထူးစိမ်းလန်း စိုပြည်ရေးအတွက် အပင် ၂၆၆၁၇၅ ပင်စိုက်ပျိုး ခဲ့ပြီး ၉၇ ဒသမ ၈၀ ရာခိုင်နှုန်း ရှင်သန်မှု ရှိခဲ့သည်။

 

ထို့ပြင် အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ် ဗောဓိတထောင်ဒေသ အထူးစိမ်းလန်း စိုပြည်ရေး စီမံကိန်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် တန့်ကြည့်တောင်ဒေသ အထူး စိမ်းလန်းစိုပြည်ရေးစီမံကိန်းနှင့် ရေနံချောင်း မြို့နယ် အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်း များကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အထိ (၅)နှစ် စီမံကိန်း ရေးဆွဲပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။

 

၂၀၁၉ ခုနှစ် မိုးရာသီတွင် ကျေးလက် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ထင်း၊ တိုင်၊ မျော စသည်တို့ကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ကျေးရွာတစ်ရွာလျှင် ဘက်စုံ သုံးစိုက်ခင်း တစ်ဧက တစ်အိမ်ထောင်လျှင် သစ်မာအပင် ၂၀ နှင့် ကျွန်း သုံးပင် စိုက်ပျိုးပေး နိုင်ခဲ့သည်။

5414

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအနေဖြင့် UNDP နှင့် ပူးပေါင်း

ဆောင်ရွက်သည့် “မြန်မာနိုင်ငံ အပူပိုင်းဒေသ တွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေ အရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများကို ကိုင်တွယ်ဖြေရှင်းခြင်း စီမံကိန်း” ကို ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် Asian Development Bank (ADB)နှင့် ပူးပေါင်းဆောင်ရွက်သည့် “အလယ် ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်း”၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) နှင့် ပူးပေါင်းဆောင်ရွက်သည့် “တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲ နိုင်ငံများ (မြန်မာနိုင်ငံတွင် စွမ်းအားမြင့် မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း” နှင့် GERES အဖွဲ့အစည်းနှင့်ပူးပေါင်း၍ “သာစည်မြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် အိမ်ထောင်စုများ စွမ်းအင်ရရှိရေး ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း”စသည့် စီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

စွမ်းအားမြင့်မီးဖိုများသုံးစွဲခြင်း၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများသုံးစွဲခြင်း၊ စိမ်းလန်းစိုပြည် ရေးသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းသည့် ကျေးရွာ များကို စံပြကျေးရွာအဖြစ် ထူထောင်ဆောင်ရွက်ခဲ့ရာ တတိယနှစ်အတွင်း စံပြ ကျေးရွာပေါင်း ၅၃ ရွာ လျာထားတည်ထောင် နိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်အစိုးရ၏ ပြည်သူ့ အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း စွမ်းအားမြင့် အေဝမ်းမီးဖို ၃၈၁၈၂ လုံး ဖြန့်ဖြူး ပေးနိုင်ခဲ့သည်။

 

ကမ္ဘာကြီးပူနွေးလာမှုသည် တစ်ကမ္ဘာလုံး ၏ စိန်ခေါ်မှုတစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်မြင့်တက် မှုသည် သက်ရှိလူသားများအတွက် အကျိုး သက်ရောက်မှုရှိသကဲ့သို့ သာမန်မျက်စိဖြင့် သဘာဝပတ်ဝန်းကျင်ကို များစွာသက်ရောက်မှု ဖြစ်ပေါ်လာလျက်ရှိသည်။

 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်း စောင့်ရှောက်မှုများကို ပြည်သူများက ကျယ်ပြန့်သည့်အမြင်နှင့် လေးနက်သည့်အသိ တို့ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ တိုးတက်မှုရှိ ပြီး ရလဒ်ကောင်းများကို ဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိမ်းလန်းစိုပြည်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်းမြို့နယ်အဆင့်တို့မှ အသိပညာပေးဟောပြောပွဲများကို ၈၃၇ ကြိမ် ဆောင်ရွက် ခဲ့သည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပေးလုပ်ငန်းစဉ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် တိုင်းဒေသကြီး သုံးခုရှိ တိုးချဲ့ ပညာပေးစခန်းခြောက်ခုတွင် အသိပညာပေးလုပ်ငန်းများကို ၅၄ ကြိမ် ဆောင်ရွက်လျက်ရှိသည်။

 

စတုတ္ထ (၁) နှစ်တာကာလအတွင်း ထင်း အစား အခြားလောင်စာသုံး စံပြကျေးရွာများ ကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၇ ရွာ မကွေးတိုင်းဒေသကြီးတွင် ၂၁ ရွာနှင့် မန္တလေး တိုင်းဒေသကြီးတွင် ၁၅ ရွာ တည်ထောင်ပြီး သဘာဝတောများ ထိခိုက်မှုလျော့နည်းစေရန် ထင်းလောင်စာ လိုအပ်ချက်လျော့နည်း သက်သာစေရန် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ ဖြစ်သော ပဲစင်းငုံရိုးနှင့် နှမ်းရိုး အစရှိသည်တို့ကို တိုးမြှင့်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက် ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေကန် ငယ် ၂၁ ကန်၊ ကျောက်စီနုန်းထိန်းတမံငယ် ၁၂ ခု၊ မြေအောက်ရေ(အဝီစိတွင်း) သုံးတွင်း၊ဂါလန် ၅၀၀၀ ဆံ့ မိုးရေစုကန် ၁၂ ကန်နှင့် ဂါလန် ၁၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် ၁၃၀၀ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

သတ္တုကဏ္ဍ

5259

သတ္တုကဏ္ဍတွင် မြန်မာ့သတ္တုတွင်း နည်းဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၈)နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လ မှောင်၍ လုပ်ကွက်အသစ်လျှောက်ထားမှုကို မြန်မာ့သတ္တုတွင်း ဥပဒေ၊နည်းဥပဒေပါ သတ်မှတ်ချက်နှင့်အညီ ကနဦးလုပ်ကွက် စိစစ်ရေးအဖွဲ့ သုံးဖွဲ့မှ အဆိုပြုလွေဝက်လွှာ ၃၁၆၉ စောင်အနုက် သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ် အစိုးရများထံသို့ သာထားတောင်းခံခဲ့သည့် စောင်းရေ ၇၂၉ စောင်ရှိပြီး ကန့်ကွက်ရန်မရှိကြောင်း ပြန်ကြားထားသည့်စောင်ရေ ၅၈ စောင်ကို ခွင့်ပြုမိန့်ချထားပေး နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ဓာတ်သတ္တု စမ်းသပ်တိုင်းတာရန် ခွင့်ပြုမိန့်ကို ပြည်ပရင်းနှီးမြှုပ်နှံမှု ငါးခု၊ ပြည်တွင်း ရင်းနှီးမြှပ်နှံမှု ခုနှစ်ခု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု သက်တမ်းတိုး လေးခု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု သက်တမ်းတိုး သုံးခု၊ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ရန်ခွင့်ပြုမိန့် သက်တမ်းတိုး သုံးခု အလတ်စားခွင့်ပြုမိန့် ၄၁ ခု အသေခွင့်ပြု စိန့် ၄၂ ခုနှင့် သက်တမ်းတိုး ၄၇ ခု စုစုပေါင်း ၁၅၂ ခု ထုတ်ပေးနိုင်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးခြင်း

 

ခွင့်ပြုလုပ်ကွက်များကို မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ ခွင့်ပြုမိန့်ပါ စည်းကမ်းများ၊ စာချုပ်ပါ စည်းကမ်း ဖတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များ ဘေးအန္တရာယ် ကင်းရှင်းမှုများ ရှိ/မရှိ စစ်ဆေး နိုင်ရန် သက်ဆိုင်ရာဌာနများဖြင့် ကွင်းဆင်း အဖွဲ့များ ဖွဲ့စည်းခဲ့ပြီး လုပ်ကွက်ပေါင်း ၂၉၅ ကွက်နှင့် ပြည်ပသို့ တင်ပို့ရောင်းချမည့် သတ္တု များ နမူနာကောက်ယူရန် ၂၀၁၉ ခုနှစ်တွင် အကြိမ် ၂ဝ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ သည်။

 

ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဆောင်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပုလဲ မွေးမြူရေး ကျွန်းစခန်း ငါးခုတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင် ဝင်ရေရောက် လေ့လာခွင့်ပြုခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အထိ နိုင်ငံခြားခရီးသွား ၃၂ ဦးနှင့် ပြည်တွင်းခရီးသွား ၄၃ ဦးတို့မှ အမေရိကန်ဒေါ်လာ ၄၈၀ နှင့် ငွေကျပ် သုည ဒသမ ၆၄၅ သန်း ရရှိခဲ့သည်။

 

နည်းပညာပူးပေါင်းဆောင်ရွက်

 

နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် Germany Federal Institute for Geosciences and Natural Resources (BGR)နှင့် သတ္တုတွင်းဦးစီးဌာနတို့အကြား Minutes of Discussion (MOD) cod ice Bons(Phaze 1) scgOS BGR Project Manager, Dr. Jurgen Vasters & Long Time Expert, Mr. Christian Heimig တို့က နည်းပညာအကူအညီများနှင့် Capacity Building Training သင်တန်းများကို သတ္တုတွင်း ဦးစီးဌာန၌ ဖွင့်လှစ်သင်ကြ၁ပေးခဲ့ သည်။ ။

 

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ၏ ကျက်မီးသွေးကောင်စီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၁၂၀ ပြည့်နှစ် ဇွန်လအတွင်း (၁၈) ကြိမ်မြောက် ASEAN Forum on Coal (AFOC) DepSon ASEAN Coal Business Round Table and Conference နှင့်(၁၀)ကြိမ်မြောက် အာဆီယံပက်မီးသွေး စွမ်းအင်ဆု ရွေးချယ်ရေးအကဲဖြတ်အဖွဲ့ ဆွေးနွေးပွဲတို့ကို အိမ်ရှင်နိုင်ငံအဖြစ် အလည် ကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင် များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပလျက်ရှိသည်။

 

ထို့ပြင် ထိုင်းနိုင်ငံ Department of Mineral Resources (DMR) နှင့် ပူပေါင်းပြီး နည်းပညာလှယ်ရေးအစီအစဉ်အရ မန္တလေး တိုင်းဒေသကြီး မိုးကုတ်ရတနုနယ်မြေ အတွင်းရှိ ကျောက်မျက်ရတန၁ ထုတ်လုပ် လျက်ရှိသော ကုမ္ပဏီလုပ်ကွက်များ သွားရောက်လေ့လာခြင်း၊ စဉ့်ကူးမြို့နယ်။ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီး မုံနှင့် တွင်းတောင် ဝန်းကျင်ဒေသ များတွင် အတိတ်ငလျင်ဆိုင်ရာ လေ့လာမှုများ ဆောင်ရွက်ခဲ့သည်။

 

ကိုရီးယနိုင်ငံ ဘူမိသိပ္ပံဓာတ်သတ္တု သယံဇာတဆိုင်ဌာန (KIGAM)နှင့် ပူးပေါင်း ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ဘိုပီဘုန်း ဝန်းကျင်ဒေသတွင် ခရိုမိုက်သတ္တုရိုင်းသိုက်အရင်းအမြစ် ခန့်မှန်းတွက်ချက်ခြင်း သုတေသနလုပ်ငန်းကို ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၈ ရက်အထိ နှစ်ဖက်ပညာရှင်များ ကွင်းဆင်းလုပ်ငန်း သုံးကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အစမ်း ပြောင်းရှည်များ တူးဖော်စမ်းသပ်ခြင်း၊ထက်နမူနများ၊ သတ္တုရိုင်း နမူနာများကို Petrology & Mineralogy gecomes လေ့လာခြင်း၊ Computer scftware အသုံးပြု ဦး ခရိုမိုက်သတ္တုရိုင်းဇုန် မြေးဆက် သုံး ဘက်မြင် ဘူမိဗေဒပုံစံကို အဆင့်မြင့်ရေးဆွဲ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။

 

မြန်မာနိုင်ငံ၏ EITI လုင်ငန်းစဉ်

 

သတ္တုကဏ္ဍဖက်စိမ်းစက်မျက် ကဏ္ဍနှင့် ပုလဲကဏ္ဍ ပါဝင်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် စတုတ္ထအကြိမ် အစီရင်ခံစာကို နိုင်ငံတကာ EITI အတွင်းရေး မှူးချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ EITI လုပ်ငန်းများပြီးစီးနိုင်ရန် အတွေက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) အစည်းအ ဆက်ကြိပ်၊ ဆေးကော်မတီ အစည်းအဝေး ၁၄ ကြိမ်၊ အလုပ်ရုံဆွေးနွေးပွဲ ၁၀ ကြိမ်၊ Mining Ced:tre နှင့် ဆက်စပ် အစည်းအဝေး လေးကြိမ်၊ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုလုပ်ငန်းအဖွဲ့ Beneficiary Ownership Task Force scue & Seces ကော်မတီအစည်းအဝေး တစ်ကြိမ်နှင့် လုပ်ငန်းကော်မတီအစည်းအဝေး သုံးကြိမ် ကျင်းဆောင်ရွက်နိုင်ခဲ့သည်။

 

ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုဆိုင်ရာ ဆောင်ရွက်ချက်များ

 

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း သကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် မွန်ပြည်နယ်အတွင်း၌ ဒေသန္တရ ဘူမိဗေဒမြေပုံရေးဆွဲခြင်း၊ ကျောက်မီးသွေး ဂရက်ဖိုက် ရွှေနှင့် မဂ္ဂနိဒိုင်အောက်ဆိုက် ရှာဖွေစမ်းသပ်တိုင်းတာခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စု သဲဖြူကုန်းမြေပြိုမှု စစ်ဆေးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကာ နေပြည်တော် - ပင်လေဝင်း - လွိုင်က၌ -ဆို ကားလမ်းတစ်ဝက်၌ Landslide Geohazard Pilot Project and GeocideEvaluation Pilot Project  ကို ဆောင်ရွက်နိုင်ခဲ့သည်။

 

သုတေသနလုပ်ငန်းများ

 

ကမ္ဘာမြေသိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU)ကို ယခုနှစ် ဇော်ဝါရီလ ၄ ရက်တွင် ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန Kores Institute of Geoscience and Mineral Resources - KIGAM - လက်မှတ်ရေးထိုးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဝန်းကျင်ဒေသတွင် လစ်သီယမ် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

 

ကျောက်မျက်ရတနာပြပွဲကျင်းပ

 

(၄) နှစ်တာကာလတွင် နိုင်ငံခြားမျိုးဖြင့် ရောင်းချပွဲ တစ်ပွဲ မြန်မာကျပ်ငွေဖြင့် ရောင်းချ ပွဲနှစ်ပွဲကျင်းပပြုလုပ်နိုင်ခဲ့ပြီး တန်ဖိုးရှိ ၅၀၆ ဒသမ ၄ သန်း၊ မြန်မာပ်ငွေဖြင့် ရောင်းချ ပွဲမှ တန်ဖိုးငွေကျပ် ၁၂၀၃၈၈ ဒသမ ၉၉ သန်းရောင်းချခဲ့ရပြီး ပုလဲဝင်းချရမှုအနေဖြင့် ပုလဲအတွဲပေါင်း ၄၆၈ ထဲ။ ပုလဲလုံးရေ ၁၁၁၂၈၇ လုံး၊ အလေးချိန် ၇၂၆၉၀ ဒသမ ၇ဝ မိုမီရောင်းချခဲ့ပြီး သူရဲ့ ၂၆ သန်းကျပ် ရရှိခဲ့ သည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေး

 

ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှု (Environmental Governance) ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် မဏ္ဍိုင်ကြီး သုံးရပ် ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးတို့အထွက် လူမှုစီးပွား ဖွံ့ဖြိုးရေး စီမံကိန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို ထည့်သွင်းပေါင်းစပ် အကောင်အထည် ဇော်ခြင်းမှာ အဓိကကျသည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။

ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် စနစ်တကျ ဘက်စုံပေါင်းစပ်ပါဝင်နိုင်ရေး (integrated Approach)အောက် ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှု (Environmental Governance) စနစ်ကို တည်ထောင်ဆောင်ရွက်လျက်ရှိရှိသည်။

 

မူဝါဒ၊ မဟာဗျူဟာ ဖွံ့ဖြိုးရေး

 

ထိုသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ချမှတ်ထား သည့် မူဝါဒများ ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ မဟာဗျူဟာလုပ်ငန်းစဉ် များတွင် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းကာ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူများ၏ လူနေမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သာ ဂေဟစနစ်ကို ထိန်းသိမ်းရေးဆိုသည် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒကို ၂၀၁၉ ခုနှစ်တွင်ထုတ်ပြန်နိုင်ခဲ့သည်။

 

ထို့အတူ အနာဂတ်မျိုးဆက်အတွက် ရေရှည်တည်တံ့သော၊ ကြွယ်ဝချမ်းသာမှုရှိသေး။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန် (ထုတ်လွှတ်မှု)နည်းသော လူမှုအဖွဲ့ အစည်းတစ်ရပ် ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် များ၊ မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၁၃၀)ကို ထုတ်ပြန်နိုင်ခဲ့သည်။

 

အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှု

 

ထိုသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒ နှင့် ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ဖွဲ့စည်းပုံကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၁၆ ခုနှစ်တွင် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။

 

သယံဇာတနှင့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောနှင့် သတ္တုသယံဇာတ ချင်း ရေရှည်တည်တံ့ရေး၊ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးတို့ကို အနာဂတ် နိုင်ငံသူ၊ နိုင်ငံသားများ အကျိုးဖြစ်ထွန်းအောင် ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းစဉ်သည် ကဏ္ဍစုံ ဆက်စပ်နေပြီး အလွန်ကျယ်ပြန့်သည့် အလျောက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့ အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ၊ ဒေသဆိုင်အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ ချမ်းသာကြွယ်ဝပြီး ရေရှည်တည်တံ့ သည့် လူမှုအဖွဲ့အစည်းတစ်ရပ်အဖြစ် ဝင့်ထည် စွာရပ်တည်နိုင်ရန် အားလုံးပူးပေါင်းပါဝင် ထိန်းသိမ်းဆောင်ရွက်ကြရမည် ဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။