နေပြည်တော်   မတ်  

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒယ်နီရယ်သည် ယနေ့ နံနက်ပိုင်းက ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ပင်ဖြစ်ကျေးရွာ၊ ပအိုဝ်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးရုံး၌ မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများက ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင်ပြည်သူများ၏ တင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံများကို တင်ပြဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်က ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ယာယီတိုက်ပွဲရှောင် ပြည်သူများကိုယ်စား ဦးခွန်စံသိန်းနှင့် ဦးဒန်းဗဟာဒူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)