နေပြည်တော်   ဇူလိုင်   ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည်      မြန်မာနိုင်ငံဆိုင်ရာ    ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊    သံတမန်ဆောင်ဧည့်ခန်းမ၌   လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းတိုးတက်မှုများအပေါ် ရုရှားနိုင်ငံ သတင်းမီဒီယာ များမှ  ပိုမိုဖော်ပြပေးလိုမှုအပါအဝင်  နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ    ကိစ္စရပ်များအား     အမြင်ချင်းဖလှယ်   ဆွေးနွေးခြင်းနှင့် သံအမတ်ကြီး၏ သိလိုသည့်အချက် အလက်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ   နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ဦးလွင်ဦးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်