နေပြည်တော်၊ ဒီဇင်ဘာ

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-II) ကျင်းပရာ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပူပေါင်းပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်နှင့် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို အများပြည်သူသိရှိနား လည်စေရန်အတွက် ဒီဇင်ဘာလ()ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂက ဦးဆောင်မှုနှင့် ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစတင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်း အနားကို ၁၉၉၄ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၃၁)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။

ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်သည် “Amplifying the leadership of persons with disabilities for an inclusive and sustainable future” “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေးဖြစ်ကြောင်း။

ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၂၀၀ အနက် ၁၆ ရာခိုင်နှုန်းဖြစ်သော သန်းပေါင်း ၁၃၀၀ ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးရှိသူများဖြစ်ကြကြောင်း၊ ၂၀၁၉ ခုနှစ်ကြား ဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည့် ၅ ဒသမ ၉ သန်းသည် မသန်စွမ်းသူများဖြစ်ကြောင်းကို တွေ့ရှိရကြောင်း၊ ကမ္ဘာတွင် သာမက မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းသူဦးရေ အချိုးအစား ကြီးကြီးမားမား ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မသန်စွမ်းသူများ၏ဘဝတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအတား အဆီးများ၊ တန်းတူညီမျှ ရပိုင်ခွင့်များ၊ ပူးပေါင်းဆောင်ရွက်မှု စသည့် စိန်ခေါ်မှုများကို လူသားအားလုံးက လက်တွေ့ကျအောင် ဖြေရှင်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ လူလူချင်းတူသော်လည်း ဘဝကံကြမ္မာအကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းအားနည်းနေသူများကို စာနာထောက်ထားဖေးမကူညီပြီး မသန်သော်လည်း စွမ်းဆောင် ရည်ပြည့်ဝသည့်၊ လောကအကျိုးကို သယ်ပိုးနိုင်သည့် လူသားတစ်ဦးဖြစ်လာအောင် ကူညီအားပေးကြရန် လိုအပ်ကြောင်း။

ထို့ကြောင့် အားလုံးအကျုံးဝင်ပါဝင်နိုင်ပြီး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက် ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ကျန်ရစ်နေသည်မျိုးမရှိအောင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်အောင် အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး မသန်စွမ်းသူများကို ဦးဆောင်သည့် အခန်းကဏ္ဍများတွင် နေရာပေးဆောင်ရွက်ပေးကြရန်လည်း လိုအပ်ကြောင်း၊ မသန်စွမ်း သူများ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားမှုများအပေါ် နားလည်လက်ခံ နိုင်စွမ်းကို ဖော်ဆောင်ပေးရာလည်း ရောက်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ  ကွန်ဗင်းရှင်း(UNCRPD)”ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ အရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၂၀၁၅ နှင့် နည်းဥပဒေများ ၂၀၁၇ တို့ကို အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးလျက်ပြီး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ() ခုကို ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း။

မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍကို ဦးစားပေးမြှင့်တင် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၆ ခုနှစ် လေ့လာဆန်းစစ်ချက်များအရ မသန်စွမ်းသူ ကလေး သူငယ် နှစ်သိန်းသုံးသောင်း ခန့်ရှိပြီး အဆိုပါအထဲက ကလေးသုံးဦးတွင် နှစ်ဦးသည် ကျောင်းမတက်ကြဘဲ ၃၆ ရာခိုင် နှုန်းခန့်သာ စာရေးစာဖတ်နိုင်ကြောင်းသိရကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် မသန် စွမ်းသူများ အတွက် ပညာရေးကို ပိုမိုအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအပေါ် ခွဲခြားမှုမရှိသော သင်ရိုးညွှန်း တမ်းနှင့် အလေ့အကျင့်များကျင့်သုံးခြင်း၊ အထူးပညာရေး ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေး ခြင်းနှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ သင်ကြားမှု၊ သင်ယူမှုပြုနိုင်ရန်အတွက် လိုအပ်သော နည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း။

အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အများပြည်သူ ဆိုင်ရာနေရာများအဆောက်အဦများ ကို မသန်စွမ်းသူများအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ အများသုံးသယ်ယူ ပို့ဆောင်ရေးယာဉ်များတွင် မသန်စွမ်းသူများ လိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ သတင်းအစီအစဉ်များတွင် Sign Languageနှင့် ပြသခြင်းများ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်း အမှတ်အခမ်းအနားများတွင်လည်း မသန်စွမ်းသူများ အတားအဆီးမဲ့ ခရီးသွားလာနိုင်အောင် ဆောင်ရွက်ပေး မှုအတွက် ဂုဏ်ပြုဆုကို နှစ်စဉ်ထည့်သွင်း ချီးမြှင့်ပေးလျက်ရှိ ကြောင်း။

မသန်စွမ်းသူများသည် အများနည်းတူ ရာနှုန်းပြည့် ကျန်းမာသန်စွမ်းမှုမရှိသော်လည်း ၎င်းတို့၏ ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ် အစိတ် အပိုင်းနှင့်ကိုက်ညီသည့် လှုပ်ရှားဆောင်ရွက်နိုင်မည့် ကဏ္ဍအလိုက် ပါဝင်လုပ်ဆောင် နိုင်ရန် စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ စီမံဆောင် ရွက်ပေးမည်ဆိုပါက မသန်စွမ်းသူများ၏ စိတ်အားငယ်မှု၊ သိမ်ငယ်မှုများပပျောက်စေပြီး မသန်သော်လည်း စွမ်းသည့် စွမ်းဆောင်ရှင်များအဖြစ် လောကကို တတ်အားသမျှ အကျိုးပြုနိုင်သူများဖြစ်လာအောင် အားပေး ဂုဏ်ပြုမြှင့်တင်သွားကြရန် တိုက်တွန်းလို ကြောင်း။

မသန်စွမ်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုရေးပိုင်းဆိုင်ရာ အကျုံးဝင်မှုသာမက စီးပွားရေးအကျုံးဝင်မှုပါရရှိပြီး အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်မည် ဖြစ်ကြောင်း၊ မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ကြောင်း နားလည်လက်ခံပြီး မသန်စွမ်းသူများကို အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်စေခြင်း၊ မူဝါဒနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် တာဝန် ထမ်းဆောင်စေခြင်းတို့ကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

မသန်စွမ်းသူအားလုံး လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် ၂၁ ခုတွင် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင် ယနေ့အထိ ၅၉၃၇ ဦး မသန်စွမ်းမှတ်ပုံတင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မသန်စွမ်းသူများအပေါ်ထားရှိသည့် မကောင်းမြင်စိတ်နှင့် လွဲမှားသောအယူအဆ အတွေး အမြင်များ ပပျောက်ရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေး ကြရန်လိုကြောင်း။

ထို့ပြင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ကြရာတွင်လည်း မသန်စွမ်းသူများအနေဖြင့် အများတကာ တွေထက် ပိုမိုထိခိုက်ခံစားရကြောင်း၊ ထို့ကြောင့် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ပါဝင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။

မသန်စွမ်းသူများအရေး ဆောင်ရွက်ပေးရာတွင် မသန်စွမ်းသူများ ကိုယ်တိုင်နှင့် မသန်စွမ်းသူများအရေး ဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အထူးလိုအပ်ကြောင်း၊ ထို့ပြင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက် ကြရန် အသိပေး ပြောကြားလိုကြောင်း။

ယခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ ဦးတည်ချမှတ်ထားသော အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှု မြှင့်တင်ပေးဆောင်ပုဒ် နှင့်အညီ မသန်စွမ်းသူများ၏ ခေါင်းဆောင်မှု စွမ်းရည်မြင့်တက်စေခြင်း၊ ဦးဆောင်သည့်ကဏ္ဍများတွင် ပါဝင်စေခြင်းနှင့် မသန်စွမ်း သူများ၏ အမြင်နှင့်သဘောထားကို အလေးထား ထည့်သွင်းပေးခြင်းတို့ဖြင့် မသန်စွမ်း သူများ၏ အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလာရေး ဂုဏ်ပြုဆုရရှိကြသူများကိုလည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ() ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က အလုပ်အကိုင် အခွင့်အလမ်းဂုဏ်ပြုဆုနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေအပ်ကြသည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယို မှတ်တမ်း တို့ကို ပြသပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ () မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ “စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်” သီချင်းနှင့်အတူ ဘီးတပ်ကုလားထိုင်ဖြင့် စွမ်းရည်ပြကပြဖျော်ဖြေ ကြသည်။

 ယင်းနောက် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကလေးငယ်များက “စိတ်ဓာတ်ခွန်အားရွက်လွှင့်ထား” တေးသီချင်းဖြင့်လည်းကောင်း၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ မသန်စွမ်းကလေးများက “ရေအိုးယိမ်း” တေးသီချင်း ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင် ဆက်ကြသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သီဆိုကပြ ဖျော်ဖြေခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် မသန်စွမ်းသူများ နှင့် သက်ဆိုင်သော စာအုပ်များ၊ လက်မှုထုတ်ကုန်ပစ္စည်းများနှင့် အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)