နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ  ၁၃

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး     ပြိုင်ပွဲကျင်းပရေး   ဦးစီး ကော်မတီ နာယက၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းသည် ယနေ့ညနေပိုင်းတွင်   သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ သည့်     ရုပ်စုံသဘင်အဖွဲ့လိုက် ပြိုင်ပွဲသို့    တက်ရောက်ကြည့်ရှု အားပေးသည်။

 ကြည့်ရှုအားပေး

အဆိုပါ ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင်     စစ်ကိုင်းတိုင်းဒေသ ကြီး ကိုယ်စားပြု ဇေယျာသီရိရုပ်စုံ အဖွဲ့က     “ငါးပါဒအက္ခရာ” ဇာတ်တော်ကြီးကို     ကကြိုး ကကွက် စုံလင်စွာဖြင့်  သရုပ်ဖော် ယှဉ်ပြိုင်နေမှုကို ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ       နာယက၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ၊ နေပြည်တော်   တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊      ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများ၊    အကဲဖြတ် ဒိုင်အဖွဲ့များ      ကြည့်ရှုအားပေး ကြသည်။

ယဉ်ကျေးမှုအမွေအနှစ်များ  ထိန်းသိမ်း

မြန်မာ့ရိုးရာ     ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပ ခဲ့ပြီး ၁၉၉၈ ခုနှစ်ပြိုင်ပွဲမှာ ရုပ်စုံ သဘင်ပြိုင်ပွဲအဖြစ်       “ဝိဓူရ” ဇာတ်တော်ကြီးဖြင့်       စတင် ယှဉ်ပြိုင်ခဲ့ကြောင်း၊ အချိန်ကာလ အတိုင်းအတာတစ်ခုအထိ   တိမ် မြုပ်      ပျောက်ကွယ်နေခဲ့သည့် ရုပ်သေးပညာ     ပြန်လည်ပြီး တစ်ခေတ်       ဆန်းသစ်လာခဲ့ ကြောင်း၊   အကြောင်း  ကြောင်း ကြောင့်      ကျင်းပခြင်းမပြုနိုင်ခဲ့ သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးနှင့်အတူ ရုပ်သေးအနု ပညာရပ်သည်   တိမ်မြုပ်ပျောက် ကွယ်သကဲ့သို့      ဖြစ်နေခဲ့ရပြီး ယခုကျင်းပသည့် အဆို၊ အက၊ အရေး၊    အတီး   ပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု   အမွေ အနှစ်များ  ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ရုပ်သေးပညာရပ်၊ မြန်မာ့ ရုပ်စုံပညာရပ်များ        ပြန်လည် ဖော်ထုတ်နိုင်ရန်       ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း   သိရ သည်။ 

သတင်းစဉ်