နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နေပြည်တော်လေတပ်စခန်းမိသားစု မဟာသင်္ကြန်မဏ္ဍပ်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိသားစုမဟာသင်္ကြန် မဏ္ဍပ်များသို့ သွားရောက်၍ မိသားစုများနှင့်အတူ ပျော်ရွှင်စွာ ရေသဘင်ပွဲဆင်နွှဲ
နေပြည်တော်၊ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကြတ်နေ့ဖြစ်သော ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ချစ်သူပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချူပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ လိုက်ပါ၍ နေပြည်တော်လေတပ်စခန်း မိသားစုမဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ အတာရေသဘင်ပွဲကို ပါဝင်ဆင်နွှဲပြီး အနုပညာရှင်များ၊ မိသားစုယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယ ဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်လေးဇုန် သက်မှတ်ကာ ခေတ်နှင့်အညီ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်သို့ သွားရောက်၍ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ဆက်လက်၍နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးဝင်းအတွင်းရှိ မြန်မာ့ရိုးရာအတာ သင်္ကြန် ရေကစားမဏ္ဍပ်သို့သွားရောက်၍ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၏ တေးသီချင်းများ၊ ယိမ်းအကများ ဖြင့်သီဆိုကပြ ဖျော်ဖြေနေမှု၊ မိသားစုများပျော်ရွှင်စွာ ရေသဘင် ပွဲဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြပြီး သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြု လက်ဆောင်နှင့်ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ကြသည်။

ထို့အတူကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ ဇေယျာသီရိမဏ္ဍပ်၊ စိန်ပန်းမဏ္ဍပ်၊ မန်ကျည်းရိပ်မဏ္ဍပ်နှင့် နေပြည်တော် တိုင်းမဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များကတေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆို ကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်များတွင် စတုဒိသာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်