လှိုင်၊ ၁၉ မေ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်လုပ်သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလထုတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းများစာအုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မေ ၁၈ ရက်က လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါစာအုပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်ထံသို့ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်လှလှထွေးက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိန့်ခွန်းများစာအုပ်ကို လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်လည်း အများပြည်သူ လေ့လာဖတ်ရှုနိုင်ရန်အတွက် ထားရှိပြီး လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
သန္တာမေ (ပြန်/ဆက်)


