မြစ်ကြီးနား စက်တင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ သည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဉီးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ကချင်ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်း ထုတ်ကုန်များ တိုးတက်မြင့်မားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ်အစိုးရ အဖွဲ့နှင့်အတူ မိမိတို့ ပြည်သူတစ်ရပ်လုံးက အတူတကွ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ် ကျေးအမှုအဖွဲ့များ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်ရှိသည့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ကွက်/ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်ရေး၊ ရပ်ကွက် ဈေးများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ မနောကွင်းဧရိယာ သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေ သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များကိုတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံ၏ လိုအပ်ချက်များနှင့် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဒေသခံပြည်သူများ၏ လိုအပ် ချက်များအပေါ်ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားတက္ကသိုလ်၌ မြစ်ကြီး နားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ နည်းပြဆရာ၊ ဆရာများ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို ဖြည့်စွက်ရှင်း လင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ယနေ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်က မြှင့်တင်ဆောင်ရွက်ပေးနေသကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ပြည့်ဝသော လူငယ်များဖြစ်လာစေရုံသာမက ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် အမှန်နှင့်အမှားကို ကျိုးကြောင်းမှန်ကန်စွာစဉ်းစားဆင်ခြင်မှုအားကောင်းသည့် လူငယ်များဖြစ်လာစေရန် လေ့ကျင့်မွေးထုတ်ပေးသွားရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သော၊ ပညာရည်ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များစွာ ပေါ်ထွန်းလာရေးကို နိုင်ငံ့အနာဂတ်အတွက် မျှော်မှန်းချက်ထားပြီး အလေးထားတိုက်တွန်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခများ၊ ပါမောက္ခဌာနမှူးများက တက္ကသိုလ်နှင့် ဘာသာရပ်ဆိုင်ရာအလိုက် လိုအပ်ချက်များကို တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူ များနှင့်အတူ ညနေ ၅ နာရီခွဲတွင် မြစ်ကြီးနားတက္ကသိုလ် လူငယ်သီတင်းပတ် (Youth Fair Week) ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုများ (လူငယ်နှင့်မိတ္တဗလ) အစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပြုလုပ်သည့် မောင်နှမဆောင်များမိတ်ဆုံစားပွဲ အခမ်းအနားသို့ တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားကာ ဘာသာရပ်အလိုက် ကျောင်းသား/ကျောင်းသူများ၏ တိုင်းရင်းသားတေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိတ်ဆုံစားပွဲကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်