နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့အတွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနေမှုအခြေအနေများ လှည့်လည် ကြည့်ရှု

စစ်တွေ ဇွန် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေး ပစ္စည်းများ တင်ချနေမှု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေး ကုသပေးနေမှုနှင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအား ဆန်များ ထောက်ပံ့ဖြန့်ခွဲ ပေးနေမှုအခြေအနေ များကို လှည့်လည် ကြည့်ရှုသည်။

ဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင် စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ကျောင်းကြီးလမ်း ရပ်ကွက်ကျောင်းကြီးလမ်းနှင့် မင်းဘာကြီး လမ်းဘေးဝဲယာ တစ်လျှောက်ရှိ အမှိုက်များနှင့် သစ်ပင်၊ သစ်ကိုင်း များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူ စုစုပေါင်းအင်အား ၆၀၀ ကျော်ဖြင့် ခုတ်ထွင်ရှင်းလင်း ဖယ်ရှားနေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး မြို့ရွာသန့်ရှင်း သာယာရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်၊ မကြာမီ မိုးရာသီရောက်ရှိတော့မည်ဖြစ်သဖြင့် ရေစီးရေလာကောင်း မွန်စေ ရေးအတွက် ရေမြောင်းများကိုပါ တစ်ပါတည်း ရှင်းလင်းကြရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ တံတား၌ ဆိုက်ကပ်ထားသော MCL-3 သင်္ဘော၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော MCL-5 သင်္ဘောနှင့် AQUARIUS သင်္ဘောတို့ပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အား များအသုံးပြု၍ ဘေးသင့်ဒေသများသို့ပို့ဆောင်ပေးမည့် ရေယာဉ်/မော်တော်ယာဉ်များပေါ်သို့ တင် ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ ကမ်းနားလမ်းသို့ ရောက်ရှိပြီး ကွန်ကရစ်လမ်း၊ ပလက်ဖောင်းနှင့် ကျောက်စီ မြေထိန်းနံရံများ ပျက်စီးနေမှုအား ဆောက်လုပ် ရေးဝန်ကြီးဌာန စစ်တွေခရိုင်လမ်းဦးစီးဌာနက ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေမှုအခြေ အနေကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ကျောင်းကြီးလမ်းနှင့် မင်းဘာကြီးလမ်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသည့် အဖွဲ့များကို SKY NET ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း၊ မြန်မာလိုင်စင်ရ ကန်ထရိုက်တာများအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဘာသာစုံမိတ်ဆွေများ အဖွဲ့တို့မှလှူဒါန်းသည့် ဒံပေါက်ထုပ်များ ဝေငှပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး ပါဝင်ကူညီဝေငှပေးသည်။

စားသောက်ဖွယ်ရာများပေးအပ်

ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့နယ် ကြွီတဲကျေးရွာ ကြွီတဲကျွန်း ဗဟိုတောရကျောင်းတိုက်သို့ ရောက်ရှိပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ၊ ခုတင် ၅၀ ဆံ့ စစ်တွေတိုင်းရင်းဆေးရုံမှ သမားတော်ကြီးများ မြေပြင်ကွင်းဆင်း၍ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေး အသိပညာပေးနေမှု တို့ကို ကြည့်ရှုအားပေး၍ လူနာများ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် ကြွီတဲကျွန်း ဗဟိုတောရကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ဒံပေါက်ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။

ထောက်ပံ့ပေးအပ်

ဆက်လက်၍ ကြွီတဲကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကို မေးမြန်းပြီး မုန်တိုင်းဒဏ် သင့်ပြည်သူများအတွက် ဆန်အိတ်များနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် ရခိုင်ပြည်နယ် မုန်တိုင်းဒဏ် သင့်ဒေသများ ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်၍ အလှူရှင် Myo Naing- Nine Group Co.,Ltd (Yangon)မှ ပေးအပ်လှူဒါန်း သည့် အလှူငွေကျပ်သိန်း ၃၀၀ ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူး တင်စကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် မုန်တိုင်းဒဏ်သင့် ပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ အတွင်း၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တွေတပ်နယ် အရောင်းဆိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ရိုးမစတား အရောင်းဆိုင်၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဂန္ဓမာအရောင်း ဆိုင်တို့မှ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အခြေခံစားသောက် ကုန်ပစ္စည်းများ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင် သုံးပစ္စည်းများ ရောင်းချပေးနေမှု နှင့် ဒေသခံပြည်သူများ တစ်ခဲနက် ဝယ်ယူအားပေးနေမှုကို ကြည့်ရှု အားပေးသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှု လယ်ယာဦးစီးဌာနမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အသုံးပြုရန်ပေးပို့ထားသော ဘက်စုံသုံးထွန်စက် ၃၃ စီး အား MCL -3 သင်္ဘောမှ ဆိပ်ကမ်းပေါ်သို့ စက်ယန္တရားများဖြင့် တင်ချနေမှုနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဝင်းအတွင်း ယာယီ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူလူထု အတွက် ဒံပေါက်ထုပ်များ ဝေငှရန် ဆောင်ရွက်နေသည့် ချက်ပြုတ် ရေးအဖွဲ့များအား သွားရောက် တွေ့ဆုံ၍ မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ထုတ်လုပ် သည့် လူသုံးကုန်နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ကူညီထွန်ယက်ပေးသွားမည်

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် လယ်ယာ မြေများ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ တောင်သူလယ် သမားများ ၂၀၂၃- ၂၀၂၄ခုနှစ် မိုးစပါးရာသီ အချိန်မီ စိုက်ပျိုးနိုင်ရေး ကူညီထွန်ယက် ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှု လယ်ယာဦးစီးဌာနမှ မြင်းကောင် ရေ ၅၀ ရှိ နယူးဟော်လန် ထွန်စက် ၃၃ စီး၊ ၆ သွားထယ် ၃၃ လက်၊ ဓားစက်ထွန် ၃၃ လက်ကို စစ်တွေ မြို့သို့ ပို့ဆောင်ခဲ့ပြီး ရသေ့တောင် မြို့နယ်သို့ ၁၉ စုံ၊ စစ်တွေမြို့နယ် တွင် ၁၄ စုံ ထားရှိ၍ တောင်သူ လယ်သမားများ၏ လယ်ယာမြေများကို ကူညီထွန် ယက်ပေးသွား မည်ဖြစ်သည်။ ရခိုင်ပြည်နယ်၌ ယခင် ထွန်စက် ၄၇ စီး ရှိပြီဖြစ် သဖြင့် စုစုပေါင်း ထွန်စက်အစီး ၈၀ ဖြင့် လယ်ယာလုပ်ငန်းများကို ကူညီထွန်ယက်ပေးနိုင်မည်ဖြစ်ပြီး ထွန်စက်တစ်စီးသည် တစ်ရာသီ လျှင် အနည်းဆုံး လယ်ဧက ၂၂၀ ကို စိုက်ပျိုးနိုင်သည့် အဆင့်အထိ ထွန်ယက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်