နေပြည်တော်    မေ ၁၀

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur အား ယနေ့ နံနက်ပိုင်းက နေပြည်တော်၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများနှင့် အနာဂတ်တွင် ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ နှစ်ဘက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  

      

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)