ပုသိမ်  ဇန်နဝါရီ   ၁၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပန်းတနော်မြို့နယ်   ချောင်းကလေးကျေးရွာ အုပ်စုအိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ  ကျုံပတောတံတားတည် ဆောက်ခြင်းလုပ်ငန်း (ပထမပိုင်း) A1 bore pile ငါးလုံး၊ A2 bore pile ငါးလုံး ဆောင်ရွက်ပြီးစီးမှုနှင့် P1 bore pile တူးရန်   ဆက်လက်ဆောင်ရွက်မည့် အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိ သူများက  လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ          နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လုပ်ငန်းများ အရည်အသွေးပြည့်မီ စေရေးနှင့်သတ်မှတ်ကာလအတွင်း   ပြီးစီးစေ​ရေး မှာကြားသည်။

 

ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် သည် ကျုံတုန်းကြီးကျေးရွာအုပ်စု ဇီးဖြူစုကျေးရွာ  ရန်ကုန်-ပုသိမ် ကားလမ်းဘေး  ကျုံတုန်းကြီးကွင်း ကွင်းအမှတ် ၅၃၄ (က) ရှိ ဆင်း‌ ရွှေကြာ ၂၊ နေကြာစံပြ  ၁၀ ဧက စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းဖြင့်  ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးကာ အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ဓာတ်ပုံ-ငြိမ်းဝေဖြိုး