ကလော ဖေဖေါ်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ နှင့်အတူယမန်နေ့ မွန်းလွဲပိုင်းက ကလောမြို့နယ်၊ ကလောဘူတာအနီးတွင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ကလောချောင်း မူလနယ်နိမိတ်မြေတိုင်းတာပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကလောချောင်းဘေးမြေကာ နံရံ(၉)ပေအမြင့် ဆောင်ရွက်နေမှု၊ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသောရေအေးကန်ရေပေးဝေရေးပိုက်လိုင်းများပြင်ဆင် ဆောင်ရွက်ခဲ့မှု၊ ရေအေးကန်သွားလမ်းနှင့် တမံချဉ်းကပ်လမ်းပြင်ဆင် ဆောင်ရွက်မှု၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် ကလောမြို့မောမြေဉီးပန်းခြံအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှု မှတ်တမ်းများ ဓာတ်ပုံများကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာတွင် သဘာဝဘေးဒဏ်ကြောင့် လျှိုအတွင်း ရေထွက်ပေါက်မရှိဘဲ ထူးပေါက်ပိတ်ဆို့မှုကြောင့် ရေစီးဆင်းနိုင်ရန်ရေနုတ်မြောင်း တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဒေသခံများက ရေအမြန်ကျဆင်းစေရေးအတွက် ရေမြောင်းတူးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်