နေပြည်တော် ဒီဇင်ဘာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရုံးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် နှစ်နိုင်ငံဘက်စုံပူးပေါင်း ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက် ရေးကိစ္စ၊ ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကို ကူညီပေးနိုင်ရေး ကိစ္စနှင့် ဘာသာစကားများ သင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရုံး၊ သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး ညွန်ကြား ရေးမှူးချုပ် ဦးဝင်းနေလွင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)