မြစ်ကြီးနား မတ် ၃
လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက ကြီးမှူးကျင်းပ သည့် နိုင်ငံတစ်ဝန်းနှင့် ပြည်နယ်အတွင်းရှိ လာချိဒ် တစ်မျိုးသားလုံး၏ ရိုးရာအမွေ အနှစ်ဖြစ်သည့် မုခ်ဦး၊ ရိုးရာ အိမ်တော်၊ မနောကွင်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာ အုပ်စု၊ ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြရာ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လာချိဒ် တိုင်းရင်းသားများက (ရှီးခွမ်မှီ) ကြိုဆိုသီချင်းဖြင့် စည်ကား သိုက်မြိုက်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို သိက္ခာတော်ရဆရာ မဒိန်ဇုန်းကျန်းက ဆုတောင်းဆက်ကပ်ပေးပြီး လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌ ဦးလဘောင်ဇုန်း ဘောမ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ယင်းနောက် မနောကွင်းအတွင်း ပင်မမနော တိုင်အလှူရှင် ဇောင်မှူးမန်ရှန်ဒိန့် ယိန်း၏ဇနီး ဆရာမဂလောင်ဇရှီ ခေါဝင်းက မနောကွင်းတည်ဆောက်ရခြင်းနှင့် ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်က မိမိတို့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာများကို ယခုထက်မက ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ပြီး ပြည်ထောင်စုကြီးနှင့် ကချင် ပြည်နယ်၏ တည်ငြိမ်အေးချမ်း သာယာဖွံ့ဖြိုးရေးကို အစဉ်ထာဝရ ရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားအချင်းချင်း မိမိ တို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့ဒေသ၊ မိမိ တို့၏ ပြည်ထောင်စု၊ မိမိတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်း ကဏ္ဍမှ လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌထံ ချီးမြှင့်ထောက်ပံ့ငွေကျပ် သိန်း ၂၀ဝ ကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်က ငွေကျပ် ငါးသိန်းကိုလည်းကောင်း ချီးမြှင့် ပေးအပ်ကြသည်။
ဆက်လက်၍ ရိုးရာအိမ်တော် ရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြပြီး မနောကွင်းဖွင့်လှစ်ရန် သိက္ခာတော်ရဆရာ မဒိန်းဇုန်း ကျန်းက ဆုတောင်းဆက်ကပ် ကောင်းချီးပေးကာ မနောကွင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဦးဇခုန်တိန့်ယိန်း၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပင်မ မနောတိုင်အလှူရှင် ဒူဝါမန်ရှန်ဒိန်ယိန်း၏ ဇနီးဒေါ်ဇရှီ ခေါဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး လာချိဒ် လူငယ်မောင်မယ်များက မနော အဖွင့် သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ကောင်းချီးမင်္ဂလာ ခံယူ သော ကျုံးဇွမ်မနောအက (အဖွင့် မနောအက) ကို ဦးဆောင်သူများ နှင့်အတူ ရိုးရာနှင့်အညီ မနောကွင်း အတွင်း လာချိဒ်တိုင်းရင်းသားများ၊ ပြည်နယ်အတွင်းရှိ ဌာနေ တိုင်းရင်း သားအားလုံးနှင့် အတူတကွ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။
လာချိဒ် တိုင်းရင်းသားမျိုးနွယ် များသည် ရှေးယခင်ကတည်းကပင် မိသားစုကျန်းမာရေး ကောင်းမွန် စေရန်၊ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကောင်းမွန် စေရန်၊ ရည်ရွယ်၍ မနောပွဲတော်ကို ကျင်းပလာကြသည့် အစဉ်အလာ ကောင်းများရှိကြပြီး အောင်မြင်မှု များ ရရှိလာသောအခါတွင် လည်းကောင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ အိမ်သူအိမ်သားများနှင့် မျိုးနွယ် စုများ ပြန်လည်ဆုံတွေ့သောအခါ များနှင့် နေ့ထူးနေ့မြတ် အထိမ်း အမှတ်နေ့များတွင်လည်းကောင်း၊ မင်္ဂလာ ရက်ကောင်းရက်မြတ် ရွေးချယ်ပြီး မိသားစုအလိုက် မိမိ တို့၏ဒေသနှင့် အိမ်ဝင်းအတွင်း မနောတိုင်များကို စနစ်တကျ ဆောက်လုပ်ကာ ရိုးရာအစဉ်အလာ အရ မနောအကကို ခေါင်းဆောင်သူ ၏နောက်မှ အတူတကွမနောအက ကခြင်းရိုးရာဓလေ့ကို လာချိဒ်ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ်
ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင် များသည် ရိုးရာမနော ကွင်းနှင့် လာချိဒ်တိုင်းရင်းသားတို့၏ သမိုင်း မှတ်တမ်းများနှင့် ရိုးရာအသုံး အဆောင်ပြခန်းအတွင်း ပြသထား သည့် လာချိဒ်တိုင်းရင်းသားတို့ ဆင်းသက်လာမှု၊ ဘဝနေထိုင်မှု ဓလေ့ထုံးစံ၊ လာချိဒ်စာပေ၊ ရိုးရာ အဝတ်အထည် ရက်လုပ်မှုနှင့် ဝတ်စားဆင်ယင်မှုများ၊ အသုံး အဆောင်ပစ္စည်းများ၊ လာချိဒ် တိုင်းရင်းသားဦးဆောင်သူ ဘိုးဘွားများ၏ မှတ်တမ်းများကို လှည့်လည် ကြည့်ရှုကြသည်။
လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာ မနောပွဲတော်ကို မတ် ၂ ရက်မှ စတင်ကျင်းပပြီး ညပိုင်းတွင် လာချိဒ်တိုင်းရင်းသား အဆိုတော် များ၏ တေးသီချင်းသီဆိုမှုများ၊ လနတ်သမီး အလှပြိုင်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အပိတ် မနောအကကိုမတ် ၄ ရက် တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီမှ သိရသည်။
သတင်းစဉ်