နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ရေကူးကန်နှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဦးစွာ မသန်စွမ်းရေကူး (အမျိုးသား/အမျိုးသမီး) မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲနှင့် ရင်ဘောင်တန်းကူးပြိုင်ပွဲတို့၏ ဗိုလ်လုပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲယှဉ်ပြိုင်မှုများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးထိန်လင်းက မသန်စွမ်းရေကူး အမျိုးသမီး S6/10 မီတာ(၅၀)အလွတ်ကူး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက အမျိုးသား S9/10 မီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မသန်စွမ်းရေကူး အမျိုးသား S9/10 မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်းဂုဏ် ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက မသန်စွမ်းရေကူး အမျိုးသား S6/7 မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား S 6/7 မီတာ(၅၀) ရင်ဘောင် တန်းကူးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆု တံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က မသန်စွမ်းရေကူး အမျိုးသား S4/5 မီတာ(၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းတိုမှပြိုင်ပွဲဝင်များကို လည်းကောင်း၊ အမျိုးသား S 4/5 မီတာ(၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆု တံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လယ်ဝေး TC-2 အားကစားကွင်း ဘော်လီဘောရုံ၌ မသန်စွမ်း အမျိုးသားထိုင်လျက် ဘော်လီဘော ပြိုင်ပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင် အားကစားသမားများ၏ အကြိတ်အနယ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို လယ်ဝေး TC-2 အားကစားကွင်း၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမျိုးသားသံလုံးပစ် F 64 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက အမျိုးသမီး သံပြားပစ် F 54/55 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမျိုးသားသံလုံး ပစ် F 46 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယနှင့် တတိယဆုရရှိသည့် မွန်ပြည်နယ် အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားတန်းမြင့်ခုန် F 42 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး အသင်းတို့မှပြိုင်ပွဲ ဝင်များကိုလည်းကောင်း၊ အမျိုးသားမီတာ(၁၅၀၀) T 46/47 အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က အမျိုးသား သံပြားပစ် F 56/57 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသား မီတာ (၂၀၀) T 64 အပြေးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစား ပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသမီးသံလုံးပစ် F 44/62/63/64 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသ ကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အမျိုးသမီးမီတာ (၂၀၀) T44/64 အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ် အရုပ်အား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က အမျိုးသားလှံ တံပစ် F 62/63 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ အမျိုးသားမီတာ (၂၀၀) T46/47 အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။
၂၀၂၄ ခုနှစ် ပဥ္စမအကြိမ် အမျိုသားအားကစားပွဲတော် မသန်စွမ်းအားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲ၊ အမျိုးသားထိုင်လျက် ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မျက်မမြင် စစ်တုရင်ပြိုင်ပွဲများကိုလည်း ဒီဇင်ဘာ ၆ ရက်နှင့် ၈ ရက်နေ့များတွင် သက်ဆိုင်ရာ အားကစားကွင်းများ၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


