နေပြည်တော် နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ“ စီးပွားရေးပညာနှစ် (၁၀၀) “ ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC–II)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်း နွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ စီးပွားရေးပညာနှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီနှင့် ဆပ်ကော် မတီဝင်များ၊ စီးပွားရေးပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ UMFCCI နှင့် ညီနောင် အသင်းများ၊ စီးပွားရေးဆိုင်ရာ တက္ကသိုလ်ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား ဟောင်းများ၊ စာတမ်းရှင်များ၊ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ်(၁၀၀)” ရာပြည့် အထိမ်းအမှတ်လက်ဆောင်ကို လက်ဝယ် အရောက်ပေးအပ်သည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် အမျိုးသား စီမံခန့်ခွဲမှု ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးတို့ကို မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀) ” ရာပြည့် အထိမ်း အမှတ် ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အနုပညာရှင်များ၊ စီးပွားရေးတက္ကသိုလ်များမှ ကျောင်းသားဟောင်းများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက တေးသံသာများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ပြု ပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနား သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


