မြင်းမူ ဒီဇင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူအား အကျိုးပြုမည့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ပညာပေးစာစောင်များ၊  မှတ်တမ်းဓာတ်ပုံများကို နံရံကပ်ပြဘုတ်တွင် လစဉ်ပြသ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သည့် မဲစာရင်းများစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ယင်းကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားပေးနေမှု၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများနှင့် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေး တွေ့ဆုံဆွေး‌နွေးမှု မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓာတ်ပုံများကို ပြသထားရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရှိရသည်။

 

မြင်းမူ(ပြန်/ဆက်)