မိုးညို ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ သိရှိလေ့လာနိုင်စေရန်အတွက် အသိပညာပေးစာစောင်များကို လစဉ် အသစ်လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တွင် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ပြသထားရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာတို့ကို ပြသဆောင်ရွက်ထားရာ လမ်းသွားလမ်းလာ ပြည်သူများမှ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ကိုမင်း(မိုးညို)


