နေပြည်တော် ဖေဖော်ဝါရီ ၉
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံနှင့် ဆီးရီးယားနိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ် ကြောင့် တူကီယဲပြည်သူအများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တူကီယဲနိုင်ငံသမ္မတ မစ္စတာ ရီဆက် တေရဖ် အဒိုဂန်ထံသို့ စာနာထောက်ထား ကြောင်းသဝဏ်လွှာကို ၇.၂.၂၀၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။
သတင်းစဉ်