နေပြည်တော်   ဧပြီ     ၆

 

နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ   မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယ နိုင်ငံသံအမတ်ကြီးအဖြစ်  ခန့်အပ်ရန် သဘောတူညီ ပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Vinay Kumar သည်   ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ  နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်  ဧည့်ခန်းမ၌  ၎င်း၏သံအမတ်ခန့် အပ်လွှာကိုပေးအပ်သည်။

 

ထို့နောက်   နှစ်နိုင်ငံသံတမန်ဆက်ဆံမှုတွင် ကောင်းမွန်သည့်  သမိုင်းကြောင်းရှိခဲ့သည့် အခြေအနေနှင့် ချစ်ကြည်ရင်းနှီးမှု  တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊  နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စ၊  ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် ဆက်လက်   ပူးပေါင်းဆောင်ရွက်သွားမည့်  အခြေ အနေနှင့်  မြန်မာနိုင်ငံ၏  နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို   ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြ သည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ      အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

အဆိုပါ    သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သံတမန် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အတူ    ဒုတိယသံရုံးအကြီးအကဲ သံမှူးကြီး     Ms. Nabanita Chakrabarti နှင့် စစ်သံမှူး   Colonel Ketan Arun Mohite   တို့တက်ရောက်ကြကြောင်း သိရသည်။  

 သတင်းစဉ်