နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင်  ခရီးစဉ်တွင်   လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နန္ဒာရာမ ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍   ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသီရိအား ဖူးမြော် ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က နန္ဒာရာမ ပရိယတ္တိစာသင်တိုက်  ကျောင်းထိုင်ဆရာတော်အား   ဖူးမြော် ကြည်ညို၍ ဆရာတော်ကြီး ၏ ကျန်းမာရေးအခြေအနေများနှင့် သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက  လှူဒါန်းသည့် ဆန်၊  ဆီနှင့်  လှူဖွယ်ပစ္စည်း များ၊ နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

 

 

ဖူးမြော်ကြည်ညို

 

ထို့နောက်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊ အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာဘုရားကြီးသို့  သွားရောက်ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  ဇနီး၊  အဖွဲ့ဝင် များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည်စေတီတော် မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဘုရားကြီးရှိ  ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီးတို့က စေတီတော်ကြီး ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူသည်။ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် စေတီတော်ကြီး အတွင်းလိုဏ် ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညို၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည် စကြာမုနိသိမ်တော်မြတ်ကြီးအတွင်းရှိ စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာတာဝန် ရှိသူများက လက်ခံရယူကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စကြာမုနိ သိမ်တော်မြတ်ကြီးနှင့် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်