နေပြည်တော်   အောက်တိုဘာ   ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင်  ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့်  တာဝန်ရှိသူများလိုက်ပါ၍  ရန်ကုန်တိုင်းဒေသကြီး  အင်းစိန်မြို့နယ်ရှိ    ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)သို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စက်ရုံအစည်းအဝေးခန်းမတွင်           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး    မြထွန်းဦးက ရန်ကုန်မြို့ပတ်လမ်း  အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)၏ သမိုင်းအကျဉ်းနှင့် အချက်အလက်များ၊   မြို့ပတ်ရထား လမ်း၏ သမိုင်းကြောင်းနှင့် အဆင့်မြှင့်တင်ရေးစီမံကိန်း၏ သမိုင်းကြောင်းများ၊  မြို့ပတ်ရထားများပြေးဆွဲသွား မည့်အစီအစဉ်များနှင့် ရထားလမ်းဆိုင်ရာ အဆောက်အဦများ၊  ရထားလမ်းတစ်လျှောက်  ဘေးအန္တရာယ် ကင်းရှင်း ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေ များနှင့် လေ့လာရေးအဖွဲ့၏တွေ့ရှိချက်များ၊  မြို့ပတ်လျှပ်စစ်ရထားအတွက်  သုံးသပ်တင်ပြချက်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အဓိကမီးရထားလမ်းပိုင်းများ၌ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြန်မာ့မီးရထား၏   နောက်ခံအခြေအနေ၊ လမ်းပိုင်း ဆိုင်ရာ     အချက်အလက်များနှင့်  လိုအပ်ချက်များ၊ စက်ခေါင်း၊  တွဲနှင့် DEMU (Rolling Stock) များ၏ စက်မှုပိုင်းဆိုင်ရာ      လိုအပ်ချက်များ၊     အချက်ပြနှင့် သွားလာရေးစနစ်ဆိုင်ရာလိုအပ်ချက်များနှင့် သုံးသပ် ချက်များကိုလည်းကောင်း၊   မြန်မာ့မီးရထား၊ တိုင်းအသီးသီးရှိ လမ်းပိုင်းများတွင်  ကွန်ကရစ်ဇလီဖားတုံးများ ထုတ်လုပ်၊  လဲလှယ်နိုင်ရေး ဆောင်ရွက်မည့်အစီအမံနှင့်ပတ်သက်၍ ကွန်ကရစ်ဇလီဖားစက်ရုံများနှင့် ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ဝေနိုင်မှု၊    လမ်းပိုင်းများ၌ ကွန်ကရစ်ဇလီဖားများ ထည့်သွင်းထားရှိမှု၊ လမ်းပိုင်း များအားလုံးတွင်  သံလမ်းတစ်ဆက်လျှင် ကွန်ကရစ် ဇလီဖား ၂၁ တုံး  အပြည့်ဖြည့်တင်းနိုင်ရေးအတွက် ထပ်မံလိုအပ်ချက်များကိုလည်းကောင်း  အသီးသီး ရှင်းလင်းတင်ပြကြသည်။

 

ကြံ့ခိုင်မှုကောင်းမွန်အောင်ဆောင်ရွက်

ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က အဓိက  မီးရထား လမ်းပိုင်းများတွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင် ရေးဆောင်ရွက်ရာတွင်  အချို့ လမ်းပိုင်းအကွေ့နေရာများအား အမြန်နှုန်းကန့်သတ်ချက်များ ကိုက်ညီမှုရှိစေရေး လမ်းပိုင်းအလိုက် သုတေသနပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာ များကိုလည်း လေ့လာဆန်းစစ်ခြင်းများဆောင်ရွက်၍ မိမိတို့နိုင်ငံရှိ လမ်းပိုင်းများနှင့် ကိုက်ညီသည့်    အမြန်နှုန်းစံ တစ်ခုကို     သတ်မှတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ မီးရထားသယ်ယူပို့ဆောင်ရေးသည်    ၁၈၇၇    ခုနှစ် ကတည်းက   စတင်ခဲ့ခြင်းဖြစ်ပြီး   နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော်လည်း အခြားနိုင်ငံများနှင့် ယှဉ်ကြည့်ပါက ရထားသယ်ယူပို့ဆောင်ရေးစနစ်များ နောက်ကျနေဆဲဖြစ်ကြောင်း၊ မီးရထားသယ်ယူပို့ဆောင် ရေးတွင် ရထားလမ်းသည်   အဓိကအရေးကြီးပြီး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ကိုက်ညီသည့်ကျောက်များ၊   ဇလီဖားတုံးများ  ဖြည့်သွင်းပေးခြင်း၊ ကြံ့ခိုင်မှုကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုကြောင်း။

 

မိမိတို့အနေဖြင့်   အမြန်နှုန်းတစ်နာရီလျှင် ၈၀    ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး စံသတ်မှတ် ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ၆၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ရေး   ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်သုံး(DEMU)စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌  တည်ဆောက် ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  မီးရထားစက်ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့  ရထားလမ်းများ စနစ်တကျဖြင့်  ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်  ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား(EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊   မိမိတို့ နိုင်ငံတွင်   လျှပ်စစ်ရထားများ   ပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့်  လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို     ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း။

 

တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်ရေးကြိုးပမ်း

ရထားလမ်းများကောင်းမွန်ပြီး  အချိန်မှန်မှန်ဖြင့်ပြေးဆွဲနိုင်မည်၊  မြန်နှုန်းမြင့်စွာဖြင့် ပြေးဆွဲနိုင်မည်ဆိုပါက ရထားသယ်ယူပို့ဆောင်ရေးကို အများပြည်သူ များက ပိုမိုသုံးစွဲလာမည်ဖြစ်ကြောင်း၊ ရထားများအား သတ်မှတ် အမြန်နှုန်းအတိုင်း မောင်းနှင်နိုင်ရေးအတွက်  Level Crossing  နေရာများလျှော့ချခြင်း၊ Underpass များ တည်ဆောက်ခြင်းကို  ဆောင်ရွက်ရမည်ဖြစ်ပြီး ရထားလမ်းနယ်များ၌လည်း ဥပဒေ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း   ဖြစ်ရန်လိုကြောင်း၊ ရထားဘူတာများ၊ ရထားမြေများအားလုံး ၌လည်း  သွားလာနေထိုင်မှု များအားလုံး  စည်းကမ်းစနစ်တကျအတိုင်း    ဖြစ်ရန်လိုကြောင်း၊  ရထားလမ်းနယ်များ၌ မျက်စိပသာဒဖြစ်စေရေး၊ မြေထိန်းသိမ်းမှုဖြစ်စေရေးအတွက်    သစ်ပင်စိုက်ပျိုးခြင်းများကို စနစ်တကျဖြင့်     ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးစနစ်သည်     တိုင်းပြည်တစ်ခု၏ အဓိကကျသည့်      ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပြီး အကျိုးရှိ သည့်   စနစ်ပင်ဖြစ်ကြောင်း၊    ထို့ကြောင့် ရထားပို့ဆောင်ရေးစနစ်  တစ်ခေတ်ပြန်လည်ဆန်းသစနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

 

ရထားတွဲဆိုင်းအသစ်များကြည့်ရှု

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စပိန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်း အသစ်များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏   ရှင်းလင်း တင်ပြမှုများအပေါ်   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်