ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအစ်ကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်
နေပြည်တော် မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဒုတိယဥက္ကဌ ဦးစန်ပေ့နှင့်အတူ ဒုတိယဥက္ကဌ ဦးဆန်လူ၊ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဌ ဦးစန်ပေ့နှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ထို့နောက်တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိတ်ဆွေဟောင်းများနှင့် ပြန်လည် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီရင်းအစ်ကို မောင်နှမများ အားလုံး အနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင် သွားနိုင်ရန် လိုအပ်မည် ဖြစ်ကြောင်း။
ပြည်ထောင်စုစနစ်ပညာရေးကို သင်ကြားရမည်
မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ဖြစ်ပေါ်စေရေးအတွက် ကောင်းမွန် စေလိုသည့်စိတ်ဖြင့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး တို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ့တစ်ခု ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရေးသည် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်တစ်ချက် ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်စေရေး အခြေခံ ပညာသင်ကျောင်းများကို ဖွင့်လှစ်ပေး သွားရန်လိုကြောင်း၊ မိမိတို့သည် ပြည်ထောင်စု နိုင်ငံတော် ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တတ်မြောက်ထားရှိရန် လိုအပ် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ထောင်စု စနစ်ပညာရေးကို သင်ကြားရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့် တက်ရောက်အောင်မြင်ပြီးချိန်တွင် ပြည်တွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင် ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
ဆက်လက်ဆောင်ရွက်
ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ရော်ဘာကို အခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်သွားကြရန်လိုပြီး အဆင့်မြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသတွင်းအသားငါးများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ ကိုလည်းဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ထောက်ပံ့ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍လည်း နိုင်ငံတော်မှလည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးနှင့် ပတ်သက်၍လည်း ကျေးလက်ဒေသများအဆင့်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က တည်ငြိမ်အေးချမ်းရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆွေးနွေးတင်ပြရာတွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အကြီးအကဲများအား တွေ့ဆုံခွင့်ရသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူး တင်ရှိပါကြောင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ NDAA(မိုင်းလား)မှဥက္ကဋ္ဌဟောင်းကြီး ကွယ်လွန် ဆုံးပါးခဲ့ချိန်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူများက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည့် အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရသည့် မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်တွင် နိုင်ငံတော်နှင့် ပြည်သူ လူထုတို့၏ ထိခိုက်ဆုံးရှုံး ခဲ့ရမှုများအတွက်လည်း မိမိတို့အနေဖြင့် ထပ်တူဝမ်းနည်းမိပါကြောင်း၊ မိမိတို့ အနေဖြင့် အထူးဒေသ (၄)အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း လာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထား နိုင်ငံတော်မှချမှတ်ထား သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် တို့တာဝန် အရေးသုံးပါး အတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက်လည်း ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ဒေသအတွင်း ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေး စေလိုပါကြောင်း၊ မိမိတို့ဒေသအတွင်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကိုမျှလက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန် မှာကြား ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးတင်ပြသည်။
အပြန်အလှန် ဆွေးနွေး
ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ဦးဆန်လူတို့ကို အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ရာ NDAA (မိုင်းလား)အဖွဲ့မှ ဒေသထွက် လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်သည်။
အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်
ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တက်ရောက်လာကြသူများက အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီအဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ ကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီအဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်