နေပြည်တော်၊ ဒီဇင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများအား ပူတာအို လေဆိပ်ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ဒေသ၏ ထူးခြားသည့် ဝိသေသများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ပူတာအို ဒေသသည် ဝေးလံခေါင်းပါးသည့် ဒေသတစ်ခုဖြစ်ကြောင်း သွားလာမှုများ အဆင်ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင် သည့်ဘက်မှ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပူတာအိုဒေသသည် ထူးခြားသည့် ဝိသေသ ရှိသည့် ဒေသတစ်ခုဖြစ်ပြီး အေးမြသည့် ရာသီဥတုရှိကာ သဘာဝအလှ တရားများဖြင့် ပြည့်စုံနေသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသကို ခရီးသွားဒေသအဖြစ် ဆောင်ရွက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြောင်း၊ ဒေသ၏ ထူးခြားမှုအဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်လုံးများကို စီ၍ကာရံထားသည့် ကျောက်စီခြံစည်းရိုးများလည်းရှိကြောင်း၊ အဆိုပါ ကျောက်လုံးစီ ခြံစည်းရိုးများကို လမ်းအလိုက်၊ ရပ်ကွက်အလိုက် စည်းကမ်းသတ်မှတ် ချက်များချမှတ်ကာ စနစ်တကျ လှပသပ်ရပ်စွာဖြင့် ထူးခြားသည့်မြင်ကွင်းတစ်ခုအဖြစ် ဆောင်ရွက်ပြီး ဒေသ၏ Land Mark တစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ကြောင်း၊ အလားတူဒေသ၏ လူမှုပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်လှပစေရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မျက်စိပသာဒ ဖြစ်စေရေးအတွက်လည်း ပန်းအလှပင်များကို စနစ်တကျစိုက်ပျိုးရန် လိုကြောင်း။
စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင်တင်
ဒေသတွင်းဆန်ဖူလုံမှုရှိရန်လည်း တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ Eating Quality ကောင်းမွန်သည့် အထွက်တိုးစပါးများ ကိုလည်းစိုက်ပျိုးရန်လိုကြောင်း၊ ယင်းအပြင်စားရေးအတွက်အထောက်အကူပြုစေမည့် ဒေသနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများကိုလည်း ဖူလုံအောင် စိုက်ပျိုးကြရန်လိုကြောင်း၊ ဒေသအတွင်းစားရေးကိုအထောက်အကူပြုစေမည့် မွေးမြူ ရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့်မွေးမြူဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းအတွက်လိုအပ်သည့် တိရစ္ဆာန်အစာများကိုလည်း ဒေသတွင်းစိုက်ပျိုးထုတ် လုပ်နိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ဇီဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြု၍ရကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို တန်ဖိုး မြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး အခြားဒေသများနှင့် ပြည်ပသို့တင်ပို့ ရောင်းချ ခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း။
ဂရိတ်ဖရုကဲ့သို့ ပူတာအိုဒေသတွင်သာ ကောင်းမွန်စွာထွက်ရှိသည့် အသီးများ လည်းရှိပြီး အဆိုပါအသီးများ အရည်အသွေးကောင်းမွန်စွာဖြင့် အရေအတွက်များများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများဖြင့် စနစ်တကျသုတေသနပြု စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ လက်ဖက်နှင့်ကော်ဖီများကိုလည်း စိုက်ပျိုးနိုင်သည့် ဒေသဖြစ်ခြင်းကြောင့် စိုက်ပျိုးမှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်၍ ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပူတာအိုဒေသသည် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။
ပညာရည်မြင့်မားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်
ပညာရည်မြင့်မားခြင်းသည် ဒေသများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ချရသည့် အာမခံချက်ပင်ဖြစ်ကြောင်း၊ ပူတာအိုဒေသမှ ပညာတတ်များ ပေါ်ထွန်းခဲ့သည့် အစဉ်အလာကောင်းများ ရှိပြီးဖြစ်၍ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ပူတာအိုဒေသတွင်းရှ ိကျောင်းနေ အရွယ်ကလေးငယ်များ ပညာရည်မြင့်မား တိုးတက်စေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပညာရေးဝန်ထမ်းများမှပေးသည့် ပညာရေးသည် မိမိတို့ ကလေးငယ်များ၏ အနာဂတ် ဘဝအထောက်အပံ့ကို များစွာဖ ြစ်စေနိုင်သောကြောင့် ပညာရေး ဝန်ထမ်းများကိုလည်း အားပေးစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ မိမိတို့၏ ကလေးငယ်များ၏ အနာဂတ်ဘဝ ခရီးတစ်လျှောက်လုံး ပူပင်ကြောင့်ကျကင်းစွာဖြင့် နေထိုင်နိုင်ရေးနှင့် ဘဝတိုးတက်ရေးအတွက် ပညာရေးကိုအင်ပြည့်အားပြည့်ဖြင့် အားပေးပြီး လမ်းမှန်ကိုရောက်အောင် အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ တစ်ဦးချင်း ပညာရည်မြင့်မားမှုမှ ဒေသတွင်း ပညာရည်မြင့်မားမှုကိုဖြစ်ပေါ်စေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်