နေပြည်တော်   ဧပြီ   ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီ (၂၂)ရက်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။


အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅) နှစ်တာကာလအတွင်း လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝမခံစားရသေးသောကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း တစ်နိုင်ငံ လုံးတွင် ငြိမ်းချမ်းရေးရရှိစေရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့်   တွေ့ဆုံဆွေးနွေးမှုများ  ဆောင်ရွက်သွားမည်ဖြစ်သဖြင့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားသည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တလျက်ရှိသည့်   စစ်မှန်၍     ရေရှည်တည်တံ့ခိုင်မြဲသော     ငြိမ်းချမ်းရေးရရှိစေရန်   ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်သဖြင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ နိုင်ငံရေးပါတီ ၂၃ ပါတီ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာ့အမျိုးသားရေးကွန်ရက်တို့က ကြိုဆိုထောက်ခံကြောင်း   သဘောထားထုတ်ပြန်ချက်များကို    ယနေ့တွင်    အသီးသီးထုတ်ပြန်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်