နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏
ဖိတ်ခေါ်ကမ်းလှမ်းချက်အား ထောက်ခံခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
သဘောထားထုတ်ပြန်ချက်
၁၃၈၄ ခု၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၆) ရက်
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာ၌ ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးနှစ်အဖြစ် တွေ့ဆုံညှိနှိုင်းသွားရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ကြရန် ဖိတ်ခေါ်ကြောင်း ဖော်ပြထား ပါသည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းပြောကြားချက် (ဖိတ်ခေါ်ချက်) သည် စစ်မှန်သောငြိမ်းချမ်း ရေး ရရှိစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဖော်ဆောင်ခြင်းဖြစ်ပါသဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) မှ လေးနက်စွာ ကြိုဆို ထောက်ခံအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)