နေပြည်တော်၊ ၁၁ ဖေဖော်ဝါရီ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

 

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညို၍ ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီး မေးမြန်းနှုတ်ဆက်သည်။

 

ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုးများနှင့် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများအား ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီး အများပြည်သူများအနေဖြင့် မိမိတို့ဘာသာရေးဆိုင်ရာ ဝတ်ပြုခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်