နေပြည်တော်၊ ၂၂ ဇွန်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russia 24 ရုပ်သံသတင်းဌာန၊ International Review အစီအစဉ်မှ ပင်တိုင်သတင်းတင်ဆက်သူ Mr. Fedor Lukyanov အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။

ပြည့်ပြည့်စုံစုံရှင်းလင်း

ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ရုရှား-မြန်မာ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေ၊ COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင်ထားရှိမှု အခြေအနေနှင့် အခြားသိရှိလိုသည်များအားမေးမြန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်