နေပြည်တော် ၂၃ ဇွန်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosoborontexport ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Rosoboronmexport ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Alexander Shcherbinin နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Andrew CHEKMAREW နှင့် တာဝန်ရှိသူများက စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ of Power Point Presentation များဖြင့် ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။
လိုက်လံရှင်းလင်းပြသ
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ OSTANKINO Tower သို့ သွားရောက်လေ့လာကြည့်ရှုကြရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ပြီး မော်စကိုမြို့ အများ အပေါ်စီးမှ မြင်တွေ့ရသည့် ရှုခင်းများကို ကြည့်ရှုကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။
စည်ကားလျက်ရှိ အဆိုပါ oSTANKINO Tower of Russian Television and Radio Braodcasting Network မှ ၁၉၆၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်းနှင့် ထိုစဉ်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦတစ်ခု ဖြစ်ခဲ့ကြောင်း၊ တာဝါအောက်ခြေမှ ထိပ်ဆုံးအင်တာနာအထိ စုစုပေါင်း ၅၄၀ မီတာခန့်မြင့်ပြီး အပေါ်ဆုံး အထပ်သည် ၃၆၀ မီတာခန့်အမြင့်ရှိကြောင်း၊ ယင်းတာဝါကို အောက်တိုဘာ တော်လှန်ရေး၏ နှစ် ၅၀ မြောက် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင် အပေါ်ဆုံးထပ်တွင် မှန်တံခါးများ၊ မော်စကိုမြို့၏ နေ့ညမြင် တွေ့ရသည့် ရှုခင်းများကို LED Board ဘုတ်များဖြင့် ပြသထားရှိကြောင်းနှင့် အမှတ်တရ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကာ လာရောက်အပန်းဖြေလေ့လာကြည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


