နေပြည်တော်  စက်တင်ဘာ   ၂၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်   ဦးတင်ထွဋ်ဦး၊   ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား စက်ရုံအစည်းအဝေးခန်းမ၌ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံမှ ချည်အမျိုးမျိုး ထုတ်လုပ်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့် ထုတ်လုပ်နိုင်ရေး စမ်းသပ် ဆောင်ရွက်လျက်ရှိမှုနှင့် စက်စမ်းသပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့် ပိတ်များထုတ်လုပ်နိုင်မည့် အခြေအနေများ၊ ၂/၈၀ ချည်များအား စက်ရုံမှ ထုတ်လုပ်နိုင်သည့်အချိန်တွင် ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စက်ရုံ၌ လက်ရှိတပ်ဆင် အသုံးပြုလျက်ရှိသည့် စက်များအား အရည်အသွေး မြှင့်တင်နိုင်မည့် အခြေအနေများ နှင့် ပတ်သက်၍ တာဝန်ရှိသူများအား အသေးစိတ်မေးမြန်း ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှ ထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။            

 

သတင်းစဉ်

 

mdn